ရှမ်းပြည်နယ်၊ ဩဂုတ်လ ၂၉ ရက်
ရှမ်းပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနကြီးကြပ်မှုအောက်ရှိ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း(ကျောက်မဲ)အနေဖြင့် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်း(၇)ခုအနက်မှ ခေတ်မီစံပြကျေးရွာဖော်ဆောင်၍ကျေးလက်နေပြည်သူများဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းကို အကောင်အထည်ဖော်မည့် ကျောက်မဲမြို့နယ်၊ ပန်လော့စံပြကျေးရွာတွင် တစ်လုံးထိုးဒီဇယ်အင်ဂျင်ပြုပြင်သည့်လုပ်ငန်း လုပ်ကိုင်လိုသူ(၁၅)ဦးအား တစ်လုံးထိုးဒီဇယ်အင်ဂျင်ပြုပြင်ထိန်းသိမ်းနည်းပညာပေးရန်အတွက် ဖွင့်ပွဲအခမ်းအနားကို ၂၉-၈-၂၀၂၃ ရက် နေ့နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါဖွင့်ပွဲတွင် ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း ကျောင်းအုပ်က အဖွင့်အမှာစကားပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးမှ သင်တန်းသားများအား သင်တန်းသုံးသင်ထောက်ကူပစ္စည်းများပေးအပ်ခဲ့ပါသည်။ အခမ်းအနားသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့်လုပ်ငန်းဆောင်ရွက်မည့်သူများ စုစုပေါင်း (၄၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်
အဆိုပါကျေးရွာတွင် တစ်လုံးထိုးဒီဇယ်အင်ဂျင်ပြုပြင်ထိန်းသိမ်းနည်းပညာအား လုပ်ငန်းထူထောင်နိုင်သည်အထိ ကျွမ်းကျင်စွာတတ်မြောက်အောင် သင်ကြားပေးသွားမည်ဖြစ်ပြီး အမှန်တကယ်လုပ်ငန်း ထူထောင်မည့် ထူးချွန်သင်တန်းသား(၅)ဦးအား သတ်မှတ်ချက်နှင့်အညီရွေးချယ်ပြီး တစ်ဦးလျှင်ငွေကျပ် (၁၀)သိန်းနှင့်ညီမျှသော စက်ပစ္စည်းများ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်