မချမ်းဘော ဩဂုတ် ၂၈
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်သမဝါယမဦးစီးဌာနနှင့် ငါးလုပ်ငန်းဦးစီး ဌာနတို့မှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော နမ်ခမ်ကျေးရွာ ငါးမွေးမြူရေး သားငါးထုတ်လုပ်မှုသမဝါယမအသင်းသို့ ထပ်တိုးရင်းနှီးထောက်ပံ့ငွေကျပ်သိန်း(၁၀၀)နှင့် ငါးသား ပေါက်များ အခမဲ့ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို နမ်ခမ်ကျေးရွာခန်းမ၌ ဆောင်ရွက်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကြီးကြပ်မှုကော်မတီဥက္ကဋ္ဌက အဖွင့် အမှာစကားပြောကြားပြီး မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနဦးစီးမှူးက ငါးမွေးမြူရေးဆိုင်ရာနည်းစနစ် များနှင့် ငါးမွေးမြူရေး ပိုမိုဖွံ့ဖြိုးတိုးတက်ရေးကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားကာ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ်သိန်း(၁၀၀)ကို မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌကလည်းကောင်း၊ ငါးခုံးမငါးသားပေါက်ကောင်ရေ(၁၇၀၀၀)ကို မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာန ဦးစီးမှူးမှလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ရာ နမ်ခမ်ကျေးရွာ ငါးမွေးမြူရေးသားငါး ထုတ်လုပ်မှု သမဝါယမအသင်းသားတစ်ဦးမှ လက်ခံရယူခဲ့ကြောင်း သိရသည်။
မချမ်းဘောမြို့နယ်သမဝါယမဦးစီးဌာနနှင့် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ကချင်ပြည်နယ် ဝန်ကြီးချုပ်၏ ခရီးစဉ်လမ်းညွှန်ချက်နှင့်အညီ ဒေသခံပြည်သူများ တပိုင်တနိုင်ငါးမွေးမြူရေး လုပ်ငန်းများ ဖွံဖြိုးတိုးတက်လာစေရန်၊ သဘာဝငါးသယံဇာတများ အပြည့်အဝအသုံးချတတ်စေရန် နှင့် မိသားစုတစ်စုချင်းစီ ငါးစားသုံးမှုပိုမိုမြင့်တက်လာစေရန်၊ ငါးသယံဇာတများတိုးပွားလာစေရန် ရည်ရွယ်၍ နည်းပညာနှင့်ရင်းနှီးထောက်ပံ့ငွေများကို ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
ယောရွှေနီ(မချမ်းဘော့)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်