ရပ်စောက် ဩဂုတ် ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ ဂျီအီးစီ(ပညာရေးဝန်ထမ်းများ)၏ ၂၀၂၁-၂၀၂၂၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးအတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးအား အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ သဘာပတိဒေါ်အေးအေးဝင်းကအဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမ ဦးစီးဌာန ဦးစီးအရာရှိဒေါ်ဇင်မာဝင့်က အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ဂျီအီးစီ (ပညာရေးဝန်ထမ်းများ) သမဝါယမအသင်းအုပ်ချုပ်မှုဒါရိုက်တာက အသင်းလုပ်ငန်းအရပ်ရပ် ဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြခဲ့သည်။ ယင်းနောက် ၂၀၂၁-၂၀၂၂ ၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာ နှစ်တို့အတွက် ဒါရိုက်တာအဖွဲ့၏ လုပ်ငန်းအစီရင်ခံစာနှင့် ရှေ့လုပ်ငန်းစဉ်များ၊ အသင်းသား စာရင်းစစ်အဖွဲ့၏အစီရင်ခံစာ၊ ဘဏ္ဍာရေးရှင်းတမ်းနှင့် အမြတ်ခွဲဝေမှုစာရင်းများ၊ အသင်းစည်းကမ်း ပြင်ဆင်ဖြည့်စွက်ခြင်းတို့ကို ဒါရိုက်တာအဖွဲ့ဝင်များ ကဖတ်ကြားတင်ပြခဲ့ကြပြီးနောက် ဒါရိုက်တာ အဖွဲ့နှင့် အသင်းသားစာရင်းစစ်အဖွဲ့၏ အစီရင်ခံစာများ၊ အမြတ်ခွဲဝေမှုစာရင်းနှင့် ဘဏ္ဍာရေး ရှင်းတမ်းများ၊ ရှေ့လုပ်ငန်းစဉ်များ၊ ဂျီအီးစီအသင်းစည်းကမ်းများ ပြင်ဆင်အတည်ပြုခြင်းလုပ်ငန်း တို့ကို ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် အသင်းသားများ၏ သားသမီးများတွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင် မြင်ခဲ့သော ကျောင်းသား/ကျောင်းသူများကို ဂုဏ်ပြုဆုများချီးမြှင့်ပေးအပ်ခဲ့ကြသည်။ ဂျီအီးစီ (ပညာရေးဝန်ထမ်းများ)သမဝါယမအသင်း နှစ်ပတ်လည်ဆိုင်ရာအရပ်ရပ်အစည်းအဝေးသို့ တက် ရောက်သည့် အသင်းသား(၈၈၄)ဦးကို အစည်းအဝေးစရိတ်ငွေကျပ်(၈၈.၄၀)သိန်းနှင့် အသင်းသား (၁၂၃၆)ဦးအား အမြတ်ငွေ(၁၄၈.၃၂)သိန်းကို ခွဲဝေပေးနိုင်ခဲ့ကြောင်း ဂျီအီးစီ(ပညာရေးဝန်ထမ်းများ) သမဝါယမအသင်း အုပ်ချုပ်မှုဒါရိုက်တာထံမှ သိရသည်။
ဆုမွန်
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်