Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရပ်စောက်မြို့ သမဝါယမအသင်းစုလီမိတက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ


25 Aug,2023

ရပ်စောက် ဩဂုတ် ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၂-၂၀၂၃  ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို  ရဿဝတီခန်းမ၌ ကျင်းပသည်။ ဦးစွာအစည်းအဝေးတွင် မြို့နယ်သမဝါယမအသင်းစုလီမိတက်ဥက္ကဋ္ဌ၊ အစည်းအဝေးသဘာပတိ ဦးအောင်သန်းက အဖွင့်အမှားစကားပြောကြားပြီး ရှမ်းပြည်နယ်တောင်ပိုင်း/အရှေ့ပိုင်းသမဝါယမ အသင်းစုချုပ်ဒုတိယဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်သမဝါယမဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူး၊ မြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိတို့က အမှာစကားများ အသီးသီးပြောကြားခဲ့ကြသည်။ 

ဆက်လက်၍ အစည်းအဝေးပြုလုပ်သောဘဏ္ဍာနှစ်များအတွက် ဒါရိုက်တာအဖွဲ့၏ လုပ်ငန်းအစီရင်ခံစာ၊ ဘဏ္ဍာရေးနှစ် နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းများ၊ အမြတ်ခွဲဝေမှုစာရင်းများ၊ ရှေ့လုပ်ငန်းစဉ် များ၊ အသင်းစာရင်းစစ်အဖွဲ့အစီရင်ခံစာများကို တာဝန်ရှိသူများက ဖတ်ကြားတင်ပြကြပြီးနောက် ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာ၊ နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းများ၊ အမြတ်ခွဲဝေမှုစာရင်း၊ ရှေ့လုပ်ငန်း စဉ်များနှင့် အသင်းစာရင်းစစ်အစီရင်ခံစာများကို အတည်ပြုခြင်း၊ အသင်းစည်းကမ်းများကို ပြင်ဆင် ဖြည့်စွက်ခြင်း၊ အသင်းသားများ၏ အကြံပေးမေးမြန်းချက်များအား ပြန်လည်ဖြေကြားရှင်းလင်းချက်  များကို ဆောင်ရွက်ခဲ့ကြသည်။ ရပ်စောက်မြို့နယ်သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အတွက် အရပ်ရပ်ဆိုင်ရာအစည်းအဝေးတွင် အမှာစာ(၁၂)ရပ်ကို အတည်ပြုချမှတ်နိုင်ခဲ့ကြောင်း သိရှိ ရသည်။

ဆုမွန်


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm