မုဒုံ၊ သြဂုတ် ၂၅
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပညာရေးမိသားစုငွေစုငွေချေး သမဝါယမအသင်းလီမိတက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ဩဂုတ်လ ၂၄ ရက်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ရှင်အရဟံခန်းမ၌ ကျင်းပသည်။ ရှေးဦးစွာ အသင်း ဥက္ကဋ္ဌ ဦးဘတင်က အဖွင့်အမှာစကားပြောကြားပြီး မုဒုံမြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးညီညီထွန်းက သမဝါယမအသင်း၏လုပ်ငန်းစဉ်(၃)ရပ်၊ အသင်းသူ/သားများ၏ လူမှုရေး၊ ပညာရေး ဆိုင်ရာကိစ္စရပ်များနှင့် ရေရှည်တံ့တည်ဖွံ့ဖြိုးစေရန် လမ်းညွှန်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် တာဝန်ရှိသူများက အသင်းအမှုဆောင်အဖွဲ့၏ အစီရင်ခံစာ၊ အသင်း၏ဘဏ္ဍာရေး ရှင်းတမ်း၊ အမြတ်ခွဲဝေပုံစာရင်းများ၊ အသင်း၏ရှေ့လုပ်ငန်းစဉ်များတင်ပြခြင်း၊ အသင်းသားများ၏ စုဆောင်းငွေအပေါ် အတိုးနှင့်အကျိုးဝေစုများအားထုတ်ပေးခြင်း၊ ဆွေးနွေးအတည်ပြုခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။ အဆိုပါ ပညာရေးမိသားစုငွေစုငွေချေးသမဝါယမအသင်းကို မြို့နယ်အခြေခံ ပညာဦးစီးဌာနဝန်ထမ်းများဖြင့် (၁၉၉၄)ခုနှစ်မှစတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိအချိန်တွင် အသင်းသား (၇၁၈)ဦးဖြင့် လည်ပတ်လျက်ရှိကြောင်း သိရသည်။
မော်လမြိုင်သတင်းဌာနခွဲ
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်