ညောင်ရွှေ၊ ဩဂုတ် ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ် မြောက်ဈေးပါးသစ်တောတည်ထောင်သူများ ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာအစည်း အဝေးကို ညောင်ရွှေမြို့ စေတနာမွန်မူကြိုကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး အသင်းဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ အသင်း၏ လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာ၊ ဘဏ္ဍာရေးရှင်းတမ်းများ ဖတ်ကြားရှင်းလင်းပြီး ရှေ့လုပ်ငန်းစဉ်များအားချမှတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး တာဝန်ရှိသူ များက အသင်းသူ အသင်းသားများအား စုဆောင်းငွေပေါ်အတိုးငွေကျပ် ၃၂၀၃၀၉၀ ၊ အစုပေါ် အမြတ်ငွေကျပ် ၃၇၅၅၆၈၉.၇၄ နှင့် အသင်းသားထောက်ပံ့ငွေကျပ် ၃၁၂၀၀၀၀ တို့အား ထုတ်ပေးခဲ့သည်။
အဆိုပါ အရပ်ရပ်ဆိုင်ရာအစည်းအဝေးသို့ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့် တာဝန်ရှိသူများ၊ မြို့နယ်သမဝါယမအသင်းစုမှ အသင်းဥက္ကဋ္ဌနှင့် အမှုဆောင်များ၊ အသင်းသူ အသင်းသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်