Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒေးဒရဲမြို့နယ်၊ဓနုံးချောင်း ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့်လုပ်ငန်းဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး


28 Aug,2023

ဒေးဒရဲ         ဩဂုတ်       ၂၈
 
ဧရာဝတီဒေသကြီး၊ ဖျာပုံခရိုင်၊‌‌ ဒေးဒရဲ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သီသီအောင်နှင့်တာဝန်ရှိသူများသည်  ဓနုံးချောင်း ကျေးရွာအုပ်စု၊ ဓနုံး‌ချောင်းကျေးရွာ၌ မြစိမ်း‌ရောင်ကျေးရွာ စီမံကိန်းဖြင့်လုပ်ငန်း ဆောင်ရွက်နေမှုအခြေ အနေများကို ဩဂုတ်(၂၇) ရက်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်းသိရသည်။
 
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဒေးဒရဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သီသီအောင်နှင့် တာဝန်ရှိသူများသည် ဓနုံးချောင်းကျေးရွာမြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့်အတူ ဓနုံးချောင်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း မတည်ရန်ပုံငွေဖြင့် လုပ်ငန်းအမှန်တကယ်အကောင်အထည်ဖော်ဆောင်ရွက်မှုရှိမရှိ ၊လစဉ်ဖြည့်သွင့်ရမည့်စာရင်းဇယားများစနစ် တကျ ဖြည့်သွင်းထားမှုနှင့် စီမံကိန်းဆိုင်ရာညွှန်ကြားချက်များ၊စည်းမျဉ်း စည်းကမ်းများအပေါ် လိုက်နာဆောင်ရွက်မှု အခြေအနေများအား စစ်ဆေးခဲ့ပြီး မြို့နယ်ဦးစီးမှူးက လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
 
ဆက်လက်၍ ဒေးဒရဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဓနုံးချောင်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို၂၀၁၈-၂၀၁၉ခုဘဏ္ဍာနှစ်တွင်‌ ငွေကျပ်းသိန်း ၃၀၀ ဖြင့်စတင်မတည်ဆောင်ရွက်ပေးခဲ့ပြီးယခု ပဆဌမနှစ်စက်ဝန်းတွင် စိုက်ပျိုးရေး၊မွေးမြူရေး၊‌ ရေလုပ်ငန်းနှင့်အရောင်း အဝယ်လုပ်ငန်းလုပ်ကိုင်ကြသော အိမ်ထောင်စု(၁၀၈)စုတို့အတွက် ငွေကျပ် ၃၈ သန်းထုတ်ချေးပေးကာ မိသားစု စီးပွားရေးလုပ်ငန်းများ တစ်ပိုင်တစ်နိုင် ဆောင်ရွက်နိုင်ရေး၊မိသာစုဝင်ငွေပိုမို တိုးပွားလာ‌ စေရေးအတွက် လိုအပ်သော ငွေကြေးနှင့်ဝန်ဆောင်မှုများအား ကူညီပံ့ပိုးပေးလျက်ရှိကြောင်း ဒေးဒရဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သီသီအောင်ထံမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm