Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျောက်ပန်းတောင်းမြို့နယ်၌ Box Culvert သုံးစင်းတည်ဆောက်ခြင်းလုပ်ငန်း စစ်ဆေး


28 Aug,2023

ကျောက်ပန်းတောင်း သြဂုတ် ၂၅

          မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကျောက်ပန်းတောင်းမြို့နယ် ရေကလေး-ကျင်းခေါင်း ကျေးရွာချင်းဆက်လမ်းပေါ်ရှိ Box Culvert သုံးစင်း တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ဩဂုတ် ၂၄ ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

         ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ညောင်ဦးခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး (မြို့ပြ) ဦးအေးလွင်၊ အငယ်တန်းအင်ဂျင်နီယာ-၁(မြို့ပြ) ဒေါ်ဖြူဖြူဇော်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန စီမံကိန်းစစ်ဆေးရေးနှင့် အရည်အသွေးထိန်းသိမ်းရေးအဖွဲ့(ရုံးချုပ်) မှ သုတေသနလက်ထောက် ဦးဟိန်း ပြည့်စုံအောင် တို့က ကျောက်ပန်းတောင်းမြို့နယ် ရေကလေး-ကျင်းခေါင်း ကျေးရွာချင်းဆက်လမ်းပေါ်ရှိ Box Culvert သုံးစင်း တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လက်ထောက် ညွှန်ကြားရေးမှူး (မြို့ပြ) ဦးအေးလွင်က လုပ်ငန်းနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဆွေးနွေးမှာကြားသည်။

          အဆိုပါ Box Culvert သုံးစင်း တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် ၂၈ ဒသမ ၅ သန်းဖြင့် ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုး ရေးဦးစီးဌာနက ဇူလိုင်လ တတိယပတ်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ၆၅ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း၊ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပါက ရေကလေးနှင့် ကျင်းခေါင်းကျေးရွာ အပါအဝင် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ပြည်သူများအတွက် လမ်းပန်းဆက်သွယ်ရေး အဆင်ပြေ တော့မည်ဖြစ်ကြောင်း ညောင်ဦး ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာန လက်ထောက်ညွှန်ကြားရေး မှူး(မြို့ပြ) ဦးအေးလွင်ထံမှ သိရ သည်။

အေးသူ


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm