Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပထမနှစ် (ဒုတိယနှစ်ဝက်)သင်တန်း ကျောင်းသား၊ ကျောင်းသူများ၏ အထူးပြုဘာသာရပ်ရွေးချယ်ရေးဆိုင်ရာ ဟောပြောပွဲအခမ်းအနားကျင်းပ


25 Aug,2023

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပထမနှစ် (ဒုတိယ နှစ်ဝက်)သင်တန်း ကျောင်းသား၊ ကျောင်းသူများ၏ အထူးပြုဘာသာရပ်ရွေးချယ်ရေးဆိုင်ရာ ဟောပြောပွဲ အခမ်းအနားကို ၂၅-၈-၂၀၂၃ ရက်နေ့၊ နေ့လည် ၃ နာရီအချိန်တွင် ဘွဲ့နှင်းခန်းမ၌ ကျင်းပ ပြုလုပ်ရာ အဆိုပါ အထူးပြုဘာသာရပ်ရွေးချယ်ရေးဆိုင်ရာ ဟောပြောပွဲအခမ်းအနားသို့ ပါမောက္ခချုပ်နှင့် ပါမောက္ခ (ဌာနမှူးများ)၊ တွဲဖက်ပါမောက္ခ(ဌာနမှူးများ)၊ ဘာသာရပ်တာဝန်ခံများ၊ သင်တန်းရေးရာဌာနမှူးနှင့် သင်တန်း ရေးရာဌာနမှ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူ စုံစုံညီညီတက်ရောက်ခဲ့ကြပါသည်။

အဆိုပါအခမ်းအနားသို့ ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီမှ အဖွင့်အမှာစကားပြောကြားရာတွင် ဤတက္ကသိုလ်၌ အထူးပြုဘာသာရပ်ရွေးချယ်ရာတွင် major (၅)ခုရှိကြောင်း၊ အထူးပြုဘာသာရပ် major (၅)ခုမှာ စာရင်းကိုင်ပညာနှင့်ဘဏ္ဍာရေးပညာအထူးပြုမေဂျာ၊ ဈေးကွက်ဖော်ဆောင်ရေးစီမံခန့်ခွဲမှုပညာ အထူးပြုမေဂျာ၊ အသုံးချစာရင်းအင်းပညာအထူးပြုမေဂျာ၊ ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာအထူးပြုမေဂျာနှင့် လူမှုစီးပွားရေးလုပ်ငန်း စီမံခန့်ခွဲ မှုပညာ အထူးပြုမေဂျာ ဘာသာရပ်များဖြစ်ပြီး major(၁) ခုချင်းစီ၏ job opportunity များနှင့် မိမိအနာဂတ်တွင် ပုံဖော်မည့်လမ်းကြောင်းနှင့်ကိုက်ညီမှုရှိသော major များကိုသာ ရွေးချယ်သင့်ပါကြောင်း၊ မိမိရွေးချယ်မှုသည်လည်း မှန်ကန်မှုရှိရန်လိုအပ်ကြောင်း ၊ မိမိလိုချင်သည့် major များကို လျှောက်ထားရာတွင် သတ်မှတ်ထားသောအမှတ်များရနိုင်ရန် ယခုကထဲက ကြိုးစားကြရန် လိုအပ် ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍  ပထမနှစ် (ဒုတိယနှစ်ဝက်) ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အထူးပြု ဘာသာရပ်များ ရွေးချယ်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် အထူးပြုဘာသာရပ်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဘာသာရပ်ဌာနများမှ ပါမောက္ခ(ဌာနမှူးများ)၊ တွဲဖက်ပါမောက္ခ(ဌာနမှူးများ)၊ ဘာသာရပ် တာဝန်ခံများက အထူးပြုဘာသာရပ်များအကြောင်းကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီးနောက် အခမ်း အနားကို အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm