Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုသင်တန်း ကြီးကြပ်ရေးကော်မတီ (၁၉)ကြိမ်မြောက် ဒီပလိုမာလက်မှတ်အပ်နှင်းပွဲ အခမ်းအနားကျင်းပ


27 Aug,2023

သန်လျင ဩဂုတ် ၂၇

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုသင်တန်း ကြီးကြပ်မှုကော်မတီ၏ (၁၉)ကြိမ်မြောက် ဒီပလိုမာလက်မှတ်အပ်နှင်းပွဲအခမ်းအနားကို၂၇--၂၀၂၃ (တနင်္ဂနွေနေ့)၊ နံနက်  နာရီတွင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊ ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါဘွဲ့နှင်းသဘင်အခမ်းအနားတွင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုသင်တန်း ကြီးကြပ်မှုကော်မတီ၏ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်နှင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်များတွင် Advanced Diploma in Business Management (BMAD) အောင်မြင်ပြီးသော သင်တန်းသား၊ သင်တန်းသူ (၈၉)ဦးနှင့် Higher Diploma in Business Management (BMHD) အောင်မြင်ပြီးသော သင်တန်းသား၊ သင်တန်းသူ (၁၁၅)ဦးတို့အနက် ဒီပလိုမာလက်မှတ် တက်ရောက်ယူမည့်သူ (၆၄)ဦးနှင့် အဝေးရောက် (၅၁)ဦးတို့ကို သက်ဆိုင်ရာဒီပလိုမာလက်မှတ်များ ချီးမြှင့်အပ်နှင်းခဲ့ပါသည်။

ဒီပလိုမာလက်မှတ်များ ချီးမြှင့်အပ်နှင်းပြီးနောက် ပါမောက္ခချုပ်မှ အမှာစကား ပြောကြားရာတွင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုသင်တန်း ကြီးကြပ်မှုကော်မတီနှင့် WISE College တို့ ပူးပေါင်းပြီး Business Management Higher Diploma (BMHD)နှင့် Business Management Advanced Diploma (BMAD) သင်တန်းများကို ၂၀၁၄ ခုနှစ်မှစ၍ ဖွင့်လှစ်သင်ကြားပေးခဲ့ရာ ယခုအခါတွင် BMHD (Batch 12) နှင့် BMAD (Batch 11) အထိ ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ပြီ ဖြစ်ပါကြောင်း သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှုသင်တန်း ကြီးကြပ်မှုကော်မတီနှင့် WISE College တို့ပူးပေါင်းပြီး လူ့စွမ်းအားအရင်းအမြစ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းခွင် အသုံးခသင်တန်းများ ဖွင့်လှစ်ပေးနိုင်ခြင်း အားဖြင့် လူငယ်များအတွက် အကျိုးဖြစ်ထွန်းစေရုံသာမက စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာ အလေ့အကျင့် ကောင်းများရရှိစေရန်၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် လူ့ဘောင်အဖွဲ့အစည်းကို ဖန်တီးပေးနိုင်သော ပညာရေးစနစ်တစ်ခု ဖြစ်ထွန်းလာစေရန၊ နိုင်ငံတော်ဖွံဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုနိုင သည့် အရည်အချင်းပြည့်ဝသော အသိပညာရှင်၊ အတတ်ပညာရှင်များ ပေါ်ထွန်းလာစေပြီး ဗလငါးတန်နှင့် ပြည့်ဝသည့် လူတော်လူကောင်းများဖြစ်လာစေရန်နှင့် တရားမျှတပြီး ရိုးသားပွင့်လင်းသည့်အသိတရားများ ရရှိစေရန်အလေးအနက်ထား တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားခဲ့ပြီး ဒီပလိုမာလက်မှတ အပ်နှင်းပွဲအခမ်းအနားကို နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ရုပ်သိမ်းခဲ့ပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်