Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ယွန်းပညာကောလိပ်(ပုဂံ)သို့ သွားရောက် အားပေးကြည့်ရှု


26 Aug,2023

နေပြည်တော် ဩဂုတ် ၂၆

          မြန်မာ့ယွန်းထည်လုပ်ငန်း အတတ်ပညာများ ရှာဖွေဖော်ထုတ်ထိန်းသိမ်းမြှင့်တင်ရန်၊ မြန်မာ့ ရိုးရာ ယွန်းထည်နည်းစနစ်များ မပျက်ယွင်းစေဘဲ ခေတ်မီနည်းစနစ်များဖြင့် တိုးတက်တီထွင်ပြီး ရရှိသည့်နည်းပညာများကို ဖြန့်ဖြူးပေးရန်၊ ယွန်းအတတ်ပညာရှင်များ စဉ်ဆက်မပြတ် မွေးထုတ် ပျိုးထောင်ပေးရန်၊ ယွန်းထည်လုပ်ငန်းအတတ်ပညာ သင်ကြားရေးကို ပညာသင်ကြားမှုနည်းလမ်း များနှင့်အညီ တိုးတက်အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ စီးပွားရေးပညာ တတ်ကျွမ်းနားလည် သော ယွန်းအတတ်ပညာရှင်များ ပေါ်ထွန်းလာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် မြန်မာ့ရိုးရာ ယွန်းပညာရပ်များ သင်ကြားပို့ချနေသော မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပုဂံမြို့ဟောင်းရှိ ယွန်းပညာကောလိပ်(ပုဂံ)သို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းက သွားရောက်အားပေးကြည့်ရှုကာ ဌာနဆိုင်ရာဝန်ထမ်းများ၊ ခရိုင်အဆင့်/ မြို့နယ်အဆင့်ဝန်ထမ်းများ၊ သင်တန်းသား/ သင်တန်းသူ များနှင့် တွေ့ဆုံသည်။

          ထိုသို့တွေ့ဆုံစဉ် ယွန်းပညာကောလိပ်(ပုဂံ) ကျောင်းအုပ်ဆရာမကြီး ဒေါ်နီလာမြင့်က ယွန်း အတတ်ပညာဒီပလိုမာ (၂) နှစ်သင်တန်း၊ ယွန်းအတတ်ပညာဒီပလိုမာ (၁) နှစ် အထူးသင်တန်းများ ဖွင့်လှစ်ပို့ချပေးနေမှု၊ တက်ရောက်လေ့လာ သင်ယူနေမှုတို့အား ရှင်းလင်းတင်ပြသည်။ တင်ပြမှုများ အပေါ် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်များ နှင့်အညီ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင်အခွင့်အလမ်း ရရှိရေး၊ မိသားစုဝင်ငွေတိုးပွားရေးတို့အတွက် အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်ပို့ချ ပေးလျက်ရှိပါကြောင်း၊ ယွန်းပညာကောလိပ် (ပုဂံ) သည် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ပြီး မြန်မာ့ရိုးရာ ယွန်းထည်နည်းစနစ်များ မပျက်ယွင်း စေဘဲ ခေတ်မီနည်းစနစ်များဖြင့် တိုးတက်တီထွင်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက် ခြင်းမှ  ရရှိလာသည့် နည်းပညာများကိုလည်း ပြန်လည်မျှဝေ ဖြန့်ဖြူးပေးရမည်ဖြစ်ပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ပညာရေးဆုံးခန်းတိုင်အောင် လေ့လာဆည်းပူးပြီး ကိုယ့်ဒေသဖွံ့ဖြိုးရေးအတွက် တက်ကြွစွာ ပါဝင်ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း၊ Grade 9 နှင့်အထက် လူငယ်များအနေဖြင့် သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်း ကျောင်းများတွင် တက်ရောက်နိုင်ပြီး ထူးချွန်သူများက သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် များသို့ တက်ရောက်ခွင့်ရှိပါကြောင်း၊ သင်တန်းအောင်မြင်ပြီးသူများအနေဖြင့် မိမိတို့ဒေသ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဝင်ငွေတိုးလုပ်ငန်းများကို ဆောင်ရွက်သွားရမည်ဖြစ်ပြီး အသက်မွေးဝမ်း ကျောင်းဆိုင်ရာ အထောက်အကူပြုပစ္စည်းများ လိုအပ်ပါက မိမိတို့ဝန်ကြီးဌာနက စီစဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနတို့မှ ဖွင့်လှစ်ပို့ချပေးနေသော အသက်မွေးဝမ်းကျောင်းဆိုင်ရာသင်တန်းများကို လည်း မိမိတို့စိတ်ပါဝင်စားသည့် သင်တန်းများ ရွေးချယ်တက်ရောက် လေ့လာသင်ယူကာ မိသားစု ဝင်ငွေတိုးပွားရေးလု်ပငန်းများ ဆောင်ရွက်နိုင်ပါကြောင်း၊ ဦးစီးဌာနများကလည်း တက်ညီလက်ညီ ဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အတူတကွ ပူးပေါင်းချိတ်ဆက် ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့သည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဌာနဆိုင်ရာဝန်ထမ်းများ၊ ခရိုင်အဆင့်/ မြို့နယ်အဆင့် ဝန်ထမ်းများနှင့် သင်တန်းသား/ သင်တန်းသူများ၏ လုပ်ငန်းအခက်အခဲများ ရှင်းလင်းတင်ပြမှုအပေါ် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm