Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျိုင်းတုံမြို့နယ်၊ ယန်းကျိမ်ကျေးရွာတွင် မိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်း စတင်ဆောင်ရွက်


25 Aug,2023

ရှမ်း၊ ဩဂုတ်လ ၂၅ ရက်

                ရှမ်းပြည်နယ်၊ တာချီလိတ်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့်ကျေးလက်နေမိသားစုဝင်ငွေတိုးရေးဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်း(၇)ခုအနက်မှ ကျေးရွာတစ်ရွာထုတ်ကုန်တစ်ခုဆောင်ရွက်မည့်စီမံကိန်း လုပ်ငန်းကို အကောင်အထည်ဖော်မည့်  ကျိုင်းတုံမြို့နယ်၊ ယန်းကျိမ်ကျေးရွာတွင် ဝါးလက်မှုလုပ်ငန်းလုပ်ကိုင်လိုသူ (၁၅)ဦးအား ဝါးလက်မှုထည်ထုတ်လုပ်မှုနည်းပညာပေးရန်အတွက် ဖွင့်ပွဲအခမ်းအနားကို ၂၅-၈-၂၀၂၃ ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

            အဆိုပါဖွင့်ပွဲတွင် တာချီလိတ်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူးက အဖွင့်အမှာစကားပြောကြားပြီး၊ အခမ်းအနားသို့ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာနခရိုင်ဦးစီးမှူး၊ သမဝါယမဦးစီးဌာနမှမြို့နယ်ဦးစီးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ သင်တန်းနည်းပြများ၊  ရပ်မိရပ်ဖများနှင့်လုပ်ငန်းဆောင်ရွက်မည့်သူများ စုစုပေါင်း (၅၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်

            အဆိုပါကျေးရွာတွင် ဝါးလက်မှုထည်ထုတ်လုပ်မှုနည်းပညာအား လုပ်ငန်းထူထောင်နိုင်သည် အထိကျွမ်းကျင်စွာတတ်မြောက်အောင် သင်ကြားပေးသွားမည်ဖြစ်ပြီး အမှန်တကယ်လုပ်ငန်းထူထောင်မည့် ထူးချွန်သင်တန်းသား(၅)ဦးအား သတ်မှတ်ချက်နှင့်အညီရွေးချယ်ပြီး တစ်ဦးလျှင်ငွေကျပ်(၁၀)သိန်းနှင့်ညီမျှသော စက်ပစ္စည်းများထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm