Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အောင်လံမြို့နယ်၌ စီမံကိန်းကျေးရွာ ကိုးရွာရှိ တာဝန်ရှိသူများအား ရန်ပုံငွေလွှဲပြောင်းပေးအပ်


25 Aug,2023

အောင်လံ ဩဂုတ်  ၂၅

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အောင်လံ မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက်  စီမံကိန်းရန်ပုံငွေများအား သက်ဆိုင်ရာ ကျေးရွာများသို့ လွှဲပြောင်းပေးအပ်ပွဲကို ဩဂုတ်လ၂၅ရက်တွင်က အောင်လံမြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက် ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေ့ဦးစွာ အောင်လံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်အေးက အမှာစကား ပြောကြားသည်။ ထို့နောက် အောင်လံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ထားထားရီမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် ဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သော ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP) ကျေးရွာ ခုနှစ်ရွာ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း နှစ်ရွာတို့တွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကျေးရွာများဘက်မှ မိမိတို့ကျေးရွာဖွံ့ဖြိုးတိုးတက်အောင်နှင့် စီမံကိန်း၏ရည်ရွယ်ချက်များ၊ သတ်မှတ်စည်းကမ်းများအတိုင်း အကာင်အထည်ဖော်ရွက်ပေးကြရန်  ဆွေးနွေးသည်။

ထို့နောက် အောင်လံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ကို ကလုံမှော်ကျေးရွာ၊ ရေနံကြီးကျေးရွာ၊ ဆည်အိုးတဲတိုက်ကျေးရွာ၊ ဂုံတောကျေးရွာ၊ ကြို့ပင်ကျေးရွာ၊ သပြေပင်ကျေးရွာ၊ ဇောင်လျားကျင်းကျေးရွာ စုစုပေါင်းကျေးရွာခုနှစ်ရွာတို့၌ ကျေးရွာတစ်ရွာလျင် ကျပ်သိန်း ၁၅၀နှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ကျွဲသေ(ချိုင်းစု)ကျေးရွာ၊ ဇေယျာကျေးရွာ စုစုပေါင်းကျေးရွာ နှစ်ရွာတို့ကို ကျေးရွာတစ်ရွာလျင် ကျပ်သိန်း ၃၀၀ဖြင့် ရန်ပုံငွေ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း အောင်လံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ထားထားရီထံမှ သိရသည်။

အဆိုပါ စီမံကိန်းရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို အောင်လံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်အေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်နိုင်၊ မြို့နယ်ကျေးလက်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ထားထားရီ၊ သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိသူများနှင့် စီမံကိန်းကျေးရွာကိုးရွာမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm