Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ညှင်းသွန်း-ဘွဲ့-သရက်- မင်းလှလမ်းပေါ် ၌ မြေထိန်းနံရံ တည်ဆောက်ခြင်းဆောင်ရွက်


25 Aug,2023

အထက်မင်းလှ ဩဂုတ် ၂၄

      မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ်၌ မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရန် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ညှင်းသွန်း-ဘွဲ့-သရက်- မင်းလှလမ်းပေါ်တွင် ရေကျော်ချဉ်းကပ်လမ်း မြေထိန်းနံရံ တည်ဆောက်လျက်ရှိသည်။

      အဆိုပါ လုပ်ငန်းဆောင်ရွက်ရာတွင် တိုင်းဒေသကြီး (ငွေလုံး ငွေရင်း) ရန်ပုံငွေဖြင့် ညှင်းသွန်း- ဘွဲ့ - သရက်- မင်းလှလမ်းပေါ်တွင် ရေကျော်ချဉ်းကပ်လမ်း မြေထိန်းနံရံ ပေ ၁၈၀ တည်ဆောက်ခြင်း လုပ်ငန်းကို ဇူလိုင် ၁၅ ရက်က စတင်ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၂၃ ရက်အထိ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုမှာ ၈၅ ရာခိုင်နှုန်းဆောင်ရွက်ပြီးဖြစ်၍ လုပ်ငန်းဆောင်ရွက်နေမှုများကို မြို့နယ်ကျေးလမ်းဖွံ့ဖြိုးရေးဦးစီးဌာန တာဝန်ခံအင်ဂျင်နီယာက လုပ်ငန်းများစံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

      မင်းလှမြို့နယ်၌ ညှင်းသွန်း- ဘွဲ့- သရက်- မင်းလှလမ်းပေါ်ရှိ ရေကျော်ချဉ်းကပ်လမ်း မြေထိန်းနံရံ တည်ဆောက်ပြီးစီးပါက ကျေးလက်နေပြည်သူများ လမ်းပန်းဆက်သွယ်ရေး ပိုမိုအဆင်ပြေ ချောမွေ့လာမည်ဖြစ်ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm