Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

စစ်တွေမြို့နယ်ကျားမသောက်ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP) အကြောင်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီရွေချယ်ခြင်း


25 Aug,2023

စစ်တွေမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးကျော်ကျော်ဦးသည် ဒုတိယဦးစီးမှူး ဒေါ်ချမ်းမြအေး၊ အငယ်တန်းအင်ဂျင်နီယာ−၂  ဒေါ်မိုးဆန်းအေးတိုလိုက်ပါလျက် ၂၀၂၃−၂၀၂၄ခုဘဏ္ဍာရေးနှစ်  အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း(VDP)ဖြင့် ဆောင်ရွက်နိုင်ရန်အတွက် ကျားမသောက်ကျေးရွာအုပ်စု၊ကျားမသောက်ကျေးရွာသို့ သွားရောက်၍ စီမံကိန်း မိတ်ဆက်ရှင်း လင်းခြင်း၊ ကော်မတီဝင်များရွေးချယ်ခြင်းကိုဆောင်ရွက်ခဲ့သည်။

          စစ်တွေမြို့နယ်အတွင်း ၂၀၂၃−၂၀၂၄ခုဘဏ္ဍာရေးနှစ်တွင် ကျားမသောက်ကျေးရွာအပြင် မောင်နီပြင်ကျေးရွာ၊ သက္ကေပြင်ကျေးရွာ၊ ကျက်တောပြင်ကျေးရွာ၊ သင်္ဂနက်ကျေးရွာများတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) လုပ်ငန်းများဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm