Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပေါက်တောမြို့နယ်တွင် ကျေးလက်ရေရရှိရေး ကျေးရွာများတွင်ရေကန်တူးဖော်ခြင်း လုပ်ငန်းကွင်းဆင်းဆောင်ရွက်


25 Aug,2023

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏         ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ကျေးလက်ရေ  ရရှိရေးအတွက် ရေကန် တူးဖော်ခြင်း  လုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။အဆိုပါ ရေကန်တူးဖော်ခြင်းလုပ်ငန်းကို ပြည်ထောင်စုရန်ပုံငွေ (၁၁.၈၂၅)သန်းဖြင့် ဆောင်ရွက်လျှက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး

ဦးသန်းထွန်း လက်ထောက်ညွှန်ကြားရေးမှူး း နှင့် ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးရာ မြို့ပြရနံ့ ကုမ္ပဏီမှ မန်းနေးဂျင်းဒါရိုက်တာနှင့် တာဝန်ရှိသူများကို လုပ်ငန်းများအချိန်မီပြီးစီးရေး သတ်မှတ် အတိုင်းအတာ ပြည့်မီရေးကို ပြောကြားပြီး ကျေးရွာလူထုများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြောင်း သိရသည်။

ဇေယျဝတီကျေးရွာတွင် ယခင် မြေသားရေကန် ( ၅ )ကန်ရှိပြီး ယခုအသစ်တူးဖော်သည် ရေကန်ပြီးစီးပါက ကျေးရွာအိမ်ခြေ (၁၂၇) အိမ် လူဦးရေ(၅၇၃)ဦးကို အကျိူးပြုနိုင်မည်ဖြစ်ကာ နွေရာသီ ရေရှားပါးမှု အခက်အခဲများကို ကျော်လွှားနိုင်မည်ဖြစ်ကြောင်း အဆိုပါ မြေသားရေကန်မှာ (၁၀၀’×၁၀၀’×၆’)တူးဖော်ခြင်းနှင့် ခြံစည်းရိုးကာရံခြင်း လုပ်ငန်းမှာ (၆၀%) ပြီးစီးပြီ ဖြစ်ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm