Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

‌ဘားအံမြို့နယ် ကော့ဆိုင်-ပျော်ရာကုန်း-တောကြီးကုန်းကျေးရွာချင်းဆက်လမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု စစ်ဆေး


25 Aug,2023

ဘားအံ      ဩဂုတ်        ၂၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကော့ဆိုင်-ပျော်ရာကုန်း-တောကြီးကုန်းကျေးရွာချင်းဆက်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်‌နေမှုကို တာဝန်ရှိသူများက ဩဂုတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဘားအံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းဇော်၊ ဘားအံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသူရလွင်နှင့် တာဝန်ရှိသူများသည် ကျေးရွာလမ်းကော်မတီဝင်များနှင့်အတူ ကျေးရွာချင်းဆက်လမ်းအရှည် ၇ ဒသမ ၃ ဖာလုံ လမ်းအကျယ် ၂၀ ပေ လမ်းအမြင့် ၉ လက်မ ဂဝံမြေခင်းခြင်းနှင့် လမ်းအရှည် ၇ ဒသမ ၃ ဖာလုံ လမ်းအကျယ် ၁၂ ပေ လမ်းအမြင့် ၆ လက်မ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူးက အနန္တာမြေကုမ္ပဏီမှ တာဝန်ရှိသူအား ကွန်ကရစ်လမ်းအား ဌာနမှသတ်မှတ်ထားသော စံနှုန်းများအတိုင်း သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်ရန်မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဘားအံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ခုဘဏ္ဍာရေးနှစ်တွင် ကရင်ပြည်နယ်အစိုးရရန်ပုံငွေကျပ် ၁၂၆ ဒသမ ၅၄၃ သန်းဖြင့် ကော့ဆိုင်-ပျော်ရာကုန်း-တောကြီးကုန်းကျေးရွာချင်းဆက်လမ်းလမ်းအရှည် ၇ ဒသမ ၃ ဖာလုံ ဂဝံမြေခင်းခြင်းနှင့် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို အနန္တာမြေကုမ္ပဏီက တာဝန်ယူ၍ ယခုနှစ် မေလ ၂၅ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ၈၅ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီဖြစ်ပြီး ရာနှုန်းပြည့်ပြီးစီးပါက ကော့ဆိုင်ကျေးရွာ၊ ပျော်ရွာကုန်းကျေးရွာနှင့် တောကြီးကုန်းကျေးရွာတို့ရှိ အိမ်ခြေ ၁၅၃ အိမ်၊ လူ ၆၄၈ ဦးအတွက် စီးပွား ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အခြားလူမှုရေးကိစ္စများ ဆောင်ရွက်ရာ၌ ရာသီမရွေးသွားလာနိုင်မည်ဖြစ်၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ဘားအံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm