Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ချောက်မြို့နယ်ရှိ ကျေးရွာနှစ်ရွာ၌ မြစိမ်း ရောင်စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှု စစ်ဆေး


25 Aug,2023

ချောက်     ဩဂုတ်       ၂၅

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ချောက်မြို့နယ်၊ သလုံးသွေးကျေးရွာနှင့် စမ်းနီကျေးရွာတို့၌ မြစိမ်းရောင်‌ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို တာဝန်ရှိသူများက ဩဂုတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ချောက်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးအောင်ကြည်မြင့်နှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများသည် သက်ဆိုင်ရာကျေးရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့်အတူ သလုံးသွေးကျေးရွာနှင့် စမ်းနီကျေးရွာတို့၌ မြစိမ်းရောင်​ကျေးရွာစီမံကိန်းဖြင့် တပိုင်တနိုင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အရောင်းအဝယ်လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ၊ လစဉ်ပုံမှန်ဖြည့်သွင်းရမည့် စာရင်းဇယားများ ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် လုပ်ငန်းအမျိုးအစားအလိုက် ရန်ပုံငွေထုတ်ချေးထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ချောက်မြို့နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနက သလုံးသွေးကျေးရွာ၌ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၁၂၉ ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၂၈ ဦး၊ စုစုပေါင်း စီမံကိန်းအသင်းဝင် ၁၅၇ ဦးအတွက် ငွေကျပ် ခြောက်ဆယ်သန်း၊ စမ်းနီကျေးရွာ၌ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၃၉ ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၅၂ ဦး၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ နှစ်ဦး၊ စုစုပေါင်း စီမံကိန်းအသင်းဝင် ၉၃ ဦးအတွက် ငွေကျပ် ၃၈ ဒသမ ၅ သန်းကို အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေးပေးထားရာ အဆိုပါစီမံကိန်းရန်ပုံငွေများဖြင့် တပိုင်တနိုင်အသေးစားစီးပွားရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိသည့်အတွက် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာကြောင်း ချောက်မြို့နယ်ဦးစီးမှူး ဦးအောင်ကြည်မြင့်ထံမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm