Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေ မြေပြင်ကွင်းဆင်း ကြည့်ရှုစစ်ဆေး


24 Aug,2023

              သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ လောက်ကိုင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း လောက်ကိုင်မြို့နယ်၊ ရွှေယင်စီးကျေးရွာအုပ်စု၊ ရှန်ကိုင်းကျေးရွာနှင့် ပါစင်ကျော်ကျေးရွာတို့၌ ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)အား နိုင်ငံတော်ထောက်ပံ့ ရန်ပုံငွေကျပ်သိန်း(၁၅၀)စီဖြင့် ကျေးရွာများ၏ ပကတိအမှန် လိုအပ်ချက်ဖြစ်သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းကို ဩဂုတ်လ(၂၂)ရက်တွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒေသဦးစီးမှူး ဦးဆက်နိုင်ထွန်း၊ လောက်ကိုင်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်နန်းနှင့် ဝန်ထမ်းများက မြေပြင်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ရွှေယင်စီးကျေးရွာအုပ်စု၊ ရှန်ကိုင်းကျေးရွာ၌ ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း(၅၀၀’x၁၂’x၆’’) ဆောက်ရွက်ပြီးစီးမှု အခြေအနေကို လည်းကောင်း၊ ပါစင်ကျော်ကျေးရွာ၌ ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း(၅၀၀’x၁၂’x၆’’) ဆောက်ရွက်ပြီးစီးမှုအခြေအနေကိုလည်းကောင်း အသီးသီးကြည့်ရှုစစ်ဆေးခဲ့ပြီး ကျေးရွာဖွံ့ဖြိုးရေး ကော်မတီများ(VDCs)နှင့်တွေ့ဆုံကာ ဆောင်ရွက်ပြီးသော ဖွံ့ဖြိုးရေးလုပ်ငန်းများကို ရေရှည်တည်တံ့ အောင် ဆက်လက်ထိန်းသိမ်း၍ အကျိုးရှိစွာ အသုံးချကြပါရန်  ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒေသဦးစီးမှူး ဦးဆက်နိုင်ထွန်းက လမ်းညွှန်မှာကြား ခဲ့ကြောင်း သိရသည်။

          အဆိုပါ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)၏ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အားလုံးကို ကျေးရွာသူ/ ကျေးရွာသားများ ကိုယ်တိုင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများက နည်းပညာပိုင်း အနီးကပ် ပံ့ပိုးကြီးကြပ် ပေးခဲ့ခြင်းဖြစ်ကြောင်းနှင့် ယခုအခါ စီမံကိန်းလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm