တန့်ယန်း ဩဂုတ် ၂၄
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက နမ့်ဟူးလွယ်ကာကျေးရွာအုပ်စု၊ နမ့်ဟူးလွယ်ကာ ကျေးရွာ၌ ကျေးလက်စီးပွားရန်ပုံငွေမြင့်မားရေး ထူထောင်ခြင်းစီမံကိန်း(RBF) ရန်ပုံငွေ ပထမအကြိမ်ထုတ်ချေးခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပြုလုပ် ခဲ့ကြောင်း သိရသည်။
ထိုသို့ထုတ်ချေးပေးရာတွင် တန့်ယန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တမြို့နယ်ဦးစီးမှူး ဦးတင်အောင်လွင်က စီမံကိန်း ချေးငွေများကို ကျေးရွာရှိ စိုက်ပျိုးမွေးမြူထုတ်လုပ်သူများနှင့် အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ကိုင်သူများအတွက် လိုအပ်သော ငွေကြေးအရင်းအနှီးများ ရရှိစေရန် ရည်ရွယ်၍ ထုတ်ချေးပေးခြင်းဖြစ်ကြောင်းပြောကြားပြီ ခေတ္တမြို့နယ်ဦးစီးမှူးနှင့် စီမံကိန်းတာဝန်ခံ ဝန်ထမ်းများက ကျေးရွာကော်မတီဝင်များအား ရန်ပုံငွေများ စနစ်တစ်ကျ လွှဲပြောင်းပေးအပ်ကြပါသည်။
ထို့နောက် ကျေးလက်စီးပွားရန်ပုံငွေမြင့်မားရေး ထူထောင်ခြင်းစီမံကိန်း ပထမအကြိမ်အဖြစ် တန့်ယန်းမြို့နယ် နမ့်ဟူးလွယ်ကာကျေးရွာရှိ နာနတ် စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်မည့်သူ အဖွဲ့ဝင်ဦးရေငါးဦးပါ အစုအဖွဲ့ လေးဖွဲ့အတွက် တစ်ဖွဲ့လျှင် ငွေကျပ် ၇၅ သိန်းဖြင့် စုစုပေါင်း ငွေကျပ်သိန်း ၃၀၀ ကို ကျေးရွာစီမံကိန်းရန်ပုံငွေကြီးကြပ်မှု ကော်မတီဝင်များထံ ထုတ်ချေးဆောင်ရွက် ပေးခဲ့ကြောင်း တန့်ယန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တမြို့နယ် ဦးစီးမှူး ဦးတင်အောင်လွင်က ပြောပြ၍ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်