သရက် ဩဂုတ် ၂၃
သရက်ခရိုင် ကံမမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီး ရန်ပုံငွေဖြင့် တာဝန်ယူဆောင်ရွက်သော ဘန့်ဘွေးကျင်း (ကဒူးပြင်-ပြည်) လမ်းပိုင်းအား မြေသားတာပေါင်ချဲ့၍ ၁၈ ပေ အကျယ် ရှစ်လက်မဒု မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် တာဝန်ရှိသူများက ကျေးရွာလမ်းကော်မတီဝင်များနှင့်အတူ ကွင်းဆင်း ကြည့်ရှုစစ်ဆေးကြသည်။
ဆက်လက်၍ ကံမမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဒေါ်အေးနန်းထွေးနှင့် အင်ဂျင်နီယာဝန်ထမ်းများက ကျေးရွာချင်းဆက်လမ်းဖြစ်မြောက်ရေးအတွက် ကော်မတီဝင်များ နှင့်အတူ လမ်းအရှည်(၁/၄)မိုင်ကို လိုအပ်သော လမ်းနယ်အကျယ် ရရှိစေရန်၊ ဖြတ်မြေဖို့မြေဆောင်ရွက်ရန်အခြေအနေများကို ညှိနှိုင်း ဆွေးနွေးပြီး အရည်အသွေးပြည့်မီစွာ အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါ ကျေးရွာချင်းဆက်လမ်းဖောက်လုပ်ပြီးစီးသွားပါက ဒေသခံပြည်သူတို့၏ လူမှုစီးပွားဘဝ များအဆင်ပြေချောမွေ့သွားမည် ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်