Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အမ်းမြို့နယ်ကျေးလက်ဦးစီးဌာန ၂၃-၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်မည့်အစီအစဉ်များအား ချပြရှင်းလင်း


24 Aug,2023

           အမ်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ် တွင် ပြည်ထောင်စု/ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေများဖြင့် ဆောင်ရွက်မည့် ကျေးလက်ရေပေးရေး လုပ်ငန်း နှင့် ကျေးလက်အိမ်ယာတည်ဆောက်ခြင်း လုပ်ငန်းများအား သက်ဆိုင်ရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ကျေးရွာရာအိမ်မှူး နှင့် သက်ဆိုင်ရာကော်မတီ တို့အား အမ်းခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး၊ ဦးမောင်မောင်စိုး (ဒုတိယညွှန်ကြားရေးမှူး)၊  အမ်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ ဦးနိုင်လင်းထွန်း (လက်ထောက်ညွှန်ကြားရေးမှူး)၊ ခရိုင်/မြို့နယ် တာဝန်ခံအင်ဂျင်နီယာ တို့မှ ယနေ့နံနက် (၁၀:၀၀)နာရီ အချိန်တွင် အမ်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ချပြရှင်းလင်းခဲ့ပါသည်။

          ၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ရေပေးရေးလုပ်ငန်း(၅)ခု နှင့် ကျေးလက်အိမ် ယာတည်ဆောက်ခြင်းလုပ်ငန်း(၂)ခု ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာအုပ်စုအုပ်ချုပ်ရေးမှူး နှင့် စုစုပေါင်းကျေးရွာ (၈)ရွာမှ ကျေးရွာသူ/သား (၂၀)ဦး တက်ရောက်ပြီး လုပ်ငန်းဆောင်ရွက်ရာတွင် မြေပြင်တွင် ဖြစ်ပေါ်လာနိုင်သည့်အခက်အခဲ ဆောင်ရွက်မည့် အစီအစဉ်များများအား ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm