Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြေပုံမြို့နယ်၌ မြို့နယ်ဦးစီးမှူးမှ ဝက်ခေါင်းကျေးရွာ ကုန်ထုတ်လမ်းပေါ်ရှိ တံတားတည်ဆောက်ခြင်းနှင့် Box Culvert တည်ဆောက်ခြင်းအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း


24 Aug,2023

မြေပုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ ဒေါ်သန်းသန်းနွယ်နှင့် တာဝန်ခံအင်ဂျင်နီယာများလိုက်ပါလျက် ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၊ ဝက်ခေါင်းကျေးရွာအုပ်စု၊ ဝက်ခေါင်းကျေးရွာတွင် ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုအစိုးရ ရန်ပုံငွေဖြင့် တင်ဒါအောင်မြင်သော အငူရွှေမြေကုမ္ပဏီမှ (၃၀.၅၂၀) ကျပ်သန်းဖြင့် ဆောင်ရွက်မည့် ဝက်ခေါင်းကျေးရွာ ကုန်ထုတ်လမ်းပေါ်ရှိ (၁၀’) တံတား (၂)စင်း အတိုင်းအတာ ၂(၁၀’ × ၁၈’ × ၇’)  တည်ဆောက်ခြင်းနှင့် (၃၇.၆၀)ကျပ်သန်းဖြင့် Box Culvert (၄)စင်း အတိုင်းအတာ ၄(၁၈’ × ၄’ -၉” × ၄’-၉”)   တည်ဆောက်မည့် နေရာနှင့် မြေပြင်အခြေ အနေများအား တင်ဒါအောင်မြင်သော အငူရွှေမြေကုမ္ပဏီမှ တာဝန်ရှိသူများ၊ လမ်းဖြစ်မြောက်ရေး ကော်မတီဝင်များနှင့် (၁၉.၈.၂၀၂၃)ရက်နေ့တွင် မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပြီး သတ်မှတ် စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။ အဆိုပါလမ်း ဆောင်ရွက်ပြီးစီးပါက ဒေသထုတ်ကုန်များ ဈေးကွက်များသို့ အချိန်မီပို့ဆောင်ရောက်ရှိနိုင်ပြီး အိမ်ထောင်စု (၆၉၂)စု၊ လူဦးရေ(၃၁၈၇)ဦးအား အကျိုးဖြစ်ထွန်းစေမည် ဖြစ်ပါကြောင်း မြေပုံမြို့နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm