Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပူတာအိုမြို့နယ်မူလာအွန်ကျေးရွာSMART Village, RBF, VDP, မြစိမ်းရောင် စီမံကိန်းကော်မတီဝင်များနှင့် ရပ်ရွာပြည်သူများနှင့်တွေ့ဆုံ


23 Aug,2023

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးဇော်မိုးနှင့် ပူတာအိုမြို့နယ်ဦးစီးမှူး ဦးမင်းဇော်တို့သည် မူလာအွန်ကျေးရွာမှ SMARTVillage, RBF, VDP, မြစိမ်းရောင် စီမံကိန်းကော်မတီဝင်များနှင့်ရပ်ရွာပြည်သူများနှင့်တွေ့ဆုံပြီး စီမံကိန်းအကြောင်းရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်တွင် ပူတာအိုမြို့နယ်၊ မူလာအွန်ကျေးရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ခေတ်မီစံပြကျေးရွာ စီမံကိန်းနှင့်ပတ်သက်ပြီး ကေျးရွာလိုအပ်ချက်များကိုလုပ်ငန်းစဉ်(၆)ရပ်နှင့်အညီ အကောင်အထည် ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး စီမံကိန်းဆောင်ရွက်ရာတွင် ကျေးရွာကော်မတီဝင်များ/ရပ်ရွာလူထုများက အားကြိုးမာန်တက်စိတ်ပါဝင်စားစွာ ပူပေါင်းပါဝင်ဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ RBF စီမံကိန်းမှာစိုက်ပျိုးမွေးမြူရေးထုတ်လုပ်သူများနှင့် အငယ်စား၊ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ကိုင်လိုသူများအတွက်လိုအပ်သောငွေကြေးအရင်းအနှီးအားနိုင်ငံတော်မှ ငွေကျပ်(၃၀)သန်းစိုက်ထုတ်ပေးပြီးအသက်မွေးဝမ်းကျောင်းလုပ်ငန်းများအား အစုအဖွဲ့စနစ်ဖြင့်ဆောင်ရွက်ရသည့်လုပ်ငန်းဖြစ်ပါကြောင်း၊ VDP စီမံကိန်းသည်နိုင်ငံတော်မှငွေကျပ်(၁၅)သန်းဖြင့် မိမိကျေးရွာလိုအပ်သည့် အခြေခံအဆောက်အအုံများကိုမိမိတို့ကိုယ်တိုင် အကောင်အထည် ဖော်ဆောင်ရွက်ရမည့် စီမံကိန်းဖြစ်သည့်အတွက်စနစ်တကျဆောင်ရွက်ပေးဖို့လိုအပ်ပါကြောင်းနှင့် နိုင်ငံတော်မှပေးအပ်သည့်ဖော်ပြပါစီမံကိန်းများအားလုံးကို ပူတာအိုကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှလိုအပ်သည့် နည်းပညာအကူအညီများပေးအပ်သွားမည်ဖြစ်ပြီးကျေးရွာကော်မတီဝင်များ/ရပ်ရွာလူထုများက မိမိရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးအတွက်အားကြိုးမာန်တက် ပူးပေါင်းဆောင်ရွက်ပေးကြပါရန်နှင့် ကျေးရွာမှသိရှိလိုသည်များအားမြို့နယ်ဦးစီးမှူးမှ ပြန်လည်ရင်းလင်းဆွေးနွေးခဲ့ပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm