ဆင်ပေါင်ဝဲ ဩဂုတ် ၂၂
မကွေးတိုင်းဒေသကြီး အောင်လံခရိုင် ဆင်ပေါင်ဝဲမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက အင်းပက်လက်ကျေးရွာ၌ မြေနီကျောက်စရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ယနေ့နံနက် ၉ နာရီက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဆင်ပေါင်ဝဲမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးပန်သုမောင်နှင့် တာဝန်ရှိသူများက အင်းပက်လက် ကျေးရွာ၌ မြေနီကျောက်စရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေး ဆောင်ရွက်ကြရန်ဆွေးနွေးမှာကြားသည်။
အင်းပက်လက်ကျေးရွာ၌ လမ်းအရှည် နှစ်မိုင်၊ အကျယ် ၁၈ ပေ၊ အမြင့် ရှစ်လက်မရှိ မြေနီကျောက် စရစ်လမ်းခင်းခြင်းလုပ်ငန်းကို ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၆၂ ဒသမ ဝ၅ သန်းဖြင့် ချိုဇင်သံသာ ကုမ္ပဏီက ယခုနှစ် ဇူလိုင်လ စတုတ္ထပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ၅၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း၊ အဆိုပါ မြေနီကျောက်စရစ်လမ်း ခင်းခြင်းလုပ်ငန်း အကောင်အထည် ဖော်ဆောင်ရွက်ပြီးစီးပါက အင်းပက်လက် ကျေးရွာအပါအဝင် ကျေးရွာသုံးရွာရှိ အိမ်ခြေ ၉၈၆ အိမ်၊ လူ ၃၄၅၁ ဦးတို့အတွက် သွားလာရ လွယ်ကူပြီး ရာသီမရွေး လမ်းပန်းဆက်သွယ်ရေး အဆင်ပြေမည်ဖြစ်ကြောင်း သိရသည်။
ကိုလှိုင်
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်