ရန်ကုန် ဩဂုတ် ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ မြို့နယ်သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ဩဂုတ် ၂၀ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ရွှေယမုံခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် သမဝါယမဦးစီးဌာနမှ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ဥမ္မာမြင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒေါပုံမြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးဘုန်းနိုင်က မြို့နယ်အတွင်း သမဝါယမလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးသို့ ဒါရိုက်တာအဖွဲ့မှ တင်သွင်းသည့် အစီရင်ခံစာကို အသင်းဝင်ဦးမြင့်ဆွေက ဖတ်ကြားပြီး အသင်းဝင် ဦးဝင်းခိုင်က ထောက်ခံဆွေးနွေးခဲ့ကြောင်း သိရသည်။
အစည်းအဝေးသို့ မြို့နယ်သမဝါယမအသင်းစုမှ အမှုဆောင်များ၊ အသင်းဝင်များ စုံစုံညီညီ တက်ရောက်ခဲ့ကြပြီး တက်ရောက်လာကြသူများအား တာဝန်ရှိသူများက လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။ ထို့အပြင် အသင်းဝင်များ နှစ်စဉ်ရရှိနေကြဖြစ်သည့် အကျိုးခံစားခွင့်များကိုလည်း ဆက်လက်ပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်