Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပထမနှစ် (ဒုတိယနှစ်ဝက်)သင်တန်း ကျောင်းသား၊ ကျောင်းသူများ၏ အထူးပြုဘာသာရပ် ရွေးချယ်ရေး ဆိုင်ရာ ဟောပြောပွဲအခမ်းအနားကျင်းပ


23 Aug,2023

သန်လျင် ဩဂုတ် ၂၃

          သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပထမနှစ် (ဒုတိယနှစ်ဝက်)သင်တန်း ကျောင်းသား၊ ကျောင်းသူများ၏ အထူးပြုဘာသာရပ်ရွေးချယ်ရေး ဆိုင်ရာ ဟောပြောပွဲအခမ်းအနားကို ၂၃-၈-၂၀၂၃ ရက်နေ့၊ နံနက် ၉ နာရီခွဲတွင် ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။ ၎င်းနောက် ပါမောက္ခချုပ်က ၁၇-၈-၂၀၂၃ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် “Knowledge Sharing Programme” မှ ရရှိခဲ့သည့် အတွေ့အကြုံဗဟုသုတများကို လေ့လာမှတ်သား၍ ပြန်လည်ရှင်းလင်း ပြောကြားခဲ့သည့် အထူးပြုဘာသာရပ်ဌာနများမှ ဆရာမ(၂)ဦးနှင့် ကျောင်းသား၊ ကျောင်းသူ(၈)ဦး တို့အား အမှတ်တရလက်ဆောင်ပေးအပ်ခြင်းနှင့် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသူ(၃)ဦးတို့အား ဂုဏ်ပြုကတ်နှင့် ဆုငွေများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။ ဆက်လက်၍  ပထမနှစ် (ဒုတိယနှစ်ဝက်) ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် အထူးပြုဘာသာရပ်များ ရွေးချယ်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် ဤတက္ကသိုလ်၏ အထူးပြုဘာသာရပ်ဌာန (၅)ခုမှ စာရင်းကိုင်ပညာနှင့် ဘဏ္ဍာရေးပညာအထူးပြု၊ ဈေးကွက်ဖော်ဆောင်ရေးစီမံခန့်ခွဲမှုပညာအထူးပြု၊ အသုံးချစာရင်းအင်းပညာအထူးပြု၊ ဒေသဆိုင်ရာ ဖွံ့ဖြိုးမှုပညာအထူးပြုနှင့် လူမှုစီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာ အထူးပြုဘာသာရပ်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဘာသာရပ်ဌာနများမှ ပါမောက္ခ၊ ဌာနမှူးများ၊ တွဲဖက်ပါမောက္ခ၊ ခေတ္တဌာနမှူးများ၊ ဘာသာရပ်တာဝန်ခံများက အထူးပြုဘာသာရပ်များအကြောင်းကို ရှင်းလင်း ဆွေးနွေးပြောကြားခဲ့သည်။ အဆိုပါ အထူးပြုဘာသာရပ် ရွေးချယ်ရေးဆိုင်ရာ ဟောပြောပွဲ အခမ်းအနားသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ ဌာနမှူးများ၊ တွဲဖက်ပါမောက္ခ/ ခေတ္တဌာနမှူးများ၊ ဘာသာရပ်တာဝန်ခံများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၅၀၀)ကျော် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm