Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ရေး မွမ်းမံသင်တန်းဆင်းပွဲကျင်းပ


23 Aug,2023

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် လုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျရှိစေရေး၊ စီမံကိန်းတွင် ပြောင်းလဲအသုံးပြုနေသော ဒီဂျစ်တယ်နည်းပညာ များဖြစ်သည့် Mobile Financial Payment စနစ် အသုံးပြုဆောင်ရွက်နိုင်ရေးနှင့် MIS စနစ် လက်တွေ့အသုံးပြုမှုများအား ကျွမ်းကျင်စွာတတ်မြောက်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သော မြစိမ်းရောင် ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ရေး မွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နေ့လယ်ပိုင်းက နေပြည်တော်ရှိ ရုံးအမှတ်(၃၆) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်အောင်က သင်တန်းဆင်း အမှာစကား ပြောကြားသည်။
 
ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်းက သင်တန်းသားများအားလုံးကိုယ်စား သင်တန်းသား/သူ တစ်ဦးစီအား သင်တန်းဆင်းလက်မှတ်များပေးအပ်ပြီး နောက် သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြား ပါသည်။
 
အဆိုပါ မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ရေး မွမ်းမံသင်တန်းကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ပြည်နယ်များမှ သင်တန်းသား/သူ (၃၁)ဦး တက်ရောက် ခဲ့ကြပြီး သင်တန်းကို ဩဂုတ်လ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ ၃ ရက်ကြာ စာတွေ့လက်တွေ့ဖွင့်လှစ်သင်ကြားပို့ချခဲ့ကြောင်းသိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်