Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဥတ္တရသီရိမြို့နယ်၊ တောင်ညိုကျေးရွာအုပ်စုတွင် အမျိုးသမီးများအတွက်ဝင်ငွေတိုးတက်ရေးဆောင်ရွက်မည့်စီမံကိန်းလုပ်ငန်းအတွက်ဖွင့်လှစ်သည့် အခြေခံစက်ချုပ်နည်းပညာနှင့်ဖက်ရှင်ဒီဇိုင်းသင်တန်းဆင်းပွဲ ကျင်းပ


22 Aug,2023

နေပြည်တော်၊ ဩဂုတ် ၂၂ ရက်

            နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ တောင်ညိုကျေးရွာအုပ်စုတွင် အမျိုးသမီးဝင်ငွေတိုးတက်ရေးဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများအတွက် ၁၉-၆-၂၀၂၃ မှ ၂၂-၈-၂၀၂၃ ရက်နေ့ထိဖွင့်လှစ်သည့် အခြေခံစက်ချုပ်နည်းပညာနှင့်ဖက်ရှင်ဒီဇိုင်း သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက တောင်ညိုကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင်ကျင်းပခဲ့ရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(နည်းပညာ)နှင့်တာဝန်ရှိသူများ၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသူများ စုစုပေါင်း(၆၀)ဦး တက်ရောက်ခဲ့ပါသည်။

            ရှေးဦးစွာ ပြည်ထောင်စုနယ်မြေ၊  နေပြည်တော်စီမံကိန်းလုပ်ငန်းကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက သင်တန်းဆင်းအမှာစကားပြောကြားရာ နေပြည်တော် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း အသေးစားကုန်ထုတ်လုပ်မှုလုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့်ကျေးလက်နေမိသားစုဝင်ငွေတိုးပွားရေး ဆောင်ရွက်မည့်လုပ်ငန်းလုပ်ကိုင်လိုသူ (၂၀)ဦးအား စီမံကိန်းလုပ်ငန်းအကောင်အထည်ဖော်ရန်အတွက် စက်ချုပ်နည်းပညာဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ အခြေခံစက်ချုပ်နည်းပညာကိုသာမကဖက်ရှင်ဒီဇိုင်းကိုပါ သင်ကြားပေးသည့် အတွက် ကိုယ်ပိုင်စက်ချုပ်လုပ်ငန်းထူထောင်ရာမှာလည်း အခက်အခဲမရှိ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ စီမံကိန်းလုပ်ငန်းရဲ့ ဦးတည်ချက်ဖြစ်သည့် အမှန်တကယ်လုပ်ငန်း လုပ်ကိုင်မည့်သူ(၅)ဦး ကိုရွေးချယ်ပြီး စက်ချုပ်လုပ်ငန်းထူထောင်နိုင်ရန်အတွက် ကျပ်(၁၀)သိန်းနှင့်ညီမျှသည့် ရင်းနှီးပစ္စည်းများကို ထောက်ပံ့ပေးအပ်သွားမှာဖြစ်ကြောင်း၊ လုပ်ငန်းလုပ်ကိုင်သူ(၅)ဦးရွေးချယ်ရာတွင်လည်း သင်တန်းကာလအတွင်း လုပ်ငန်းဆောင်ရွက်မှုများကို စိစစ်သုံးသပ်အကဲဖြတ်ပြီးမှသာ သတ်မှတ်ချက်များနဲ့အညီ ရွေးချယ်ပြီး ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်(နည်းပညာ)က လုပ်ငန်းထူထောင်ခြင်းဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ရှင်းလင်းတင်ပြခဲ့သည်။

            ဆက်လက်၍ နေပြည်တော်စီမံကိန်းလုပ်ငန်းကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်၍ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(နည်းပညာ)က သင်တန်းထုတ်ကုန်ပစ္စည်းများပေးအပ်ခဲ့ပြီး သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm