အောင်လံ ဩဂုတ် ၂၃
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်တွင် စတင်ဆောင်ရွက်သည့် ကျွဲသေ(ချိုင်းစု) ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက် လည်ပတ်ရန်ပုံငွေ ပထမအကြိမ်ထုတ်ချေးခြင်းကို ယနေ့ နံနက်ပိုင်းက အဆိုပါကျေးရွာရှိ ဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အောင်လံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်အေးက အမှာစကားပြောကြားရာ ကျေးလက်နေပြည်သူများ၏ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန်၊ တစ်နိုင်တစ်ပိုင်မိသားစုဝင်ငွေတိုးပွားလာစေပြီး လူမှုစီးပွားဘဝများ ယခင်ကထက်ပိုမိုဖွံ့ဖြိုးတိုးတက် လာစေရန်ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာ စီမံကိန်းအရင်းမပျောက် လည်ပတ်ရန်ပုံငွေများကို ထုတ်ချေးပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အောင်လံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်အေး၊ မြို့နယ်ဦးစီးမှူး ဒေါ်ထားထားရီနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေကြီးကြပ်မှုကော်မတီဝင်များ နှင့်အတူ အောင်လံမြို့နယ် ကျွဲသေ(ချိုင်းစု)ကျေးရွာရှိ စိုက်ပျိုးရေးလုပ်ကိုင်သူ ၄၀ဦးအား ငွေကျပ် ၁၇၃သိန်း၊ မွေးမြူရေးလုပ်ကိုင်သူ ၃၄ဦးအား ငွေကျပ် ၁၀၃သိန်း၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ သုံးဦးအား ငွေကျပ် ၁၁သိန်းနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းလုပ်ကိုင်သူ လေးဦးအား ၁၃သိန်း စုစုပေါင်းအသင်းသူ၊အသင်းသား ၈၁ဦးကို မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ် ၃၀၀သိန်းကို ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်