Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

စလင်းမြို့နယ် မြောက်ချောင်းဖြူကျေးရွာ၌ VRFPစီမံကိန်းရန်ပုံငွေစတုတ္ထအကြိမ်ငွေထုတ်ချေးပေး


23 Aug,2023

စလင်း   ဩဂုတ်   ၂၃
 
မကွေးတိုင်းဒေသကြီး၊စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ တစ်ပိုင်တစ်နိုင်အသေးစားစီးပွားရေးလုက်ငန်းများအားသက်သာသောအတိုးနှုန်းဖြင်ငွေကြေးဝန်ဆောင်မှုများရရှိနိုင်စေရန်၊ဆင်းရဲနွမ်းပါးမှုလျောကျစေရန်ရည်ရွယ်ဤ မြောက်ချောင်းဖြူကျေးရွာအုပ်စု၊မြောက်ချောင်းဖြူကျေးရွာ၌ VRFP စီမံကိန်းရန်ပုံငွေစတုတ္ထအကြိမ်ထုတ်ချေးပေးခြင်းကိုဩဂုတ်၂၂ရက်နေ့မွန်းလွဲ ၁နာရီကအဆိုပါကျေးရွာဓမ္မာရုံ၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
 
ပထမဦးစွာ စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဆွေဇင်လှိုင်က တက်ရောက်လာသူများအား မိတ်ဆက်အမှာစကား ပြောကြားပြီး ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)၏ ရည်ရွယ်ချက်၊စီမံကိန်းလုပ်ငန်းလည်ပတ်ဆောင်ရွက်ပုံအဆင့်ဆင့် ၊စီမံကိန်းလက်စွဲစာအုပ်ပါနည်းဥပဒေနှင့်စည်မျဉ်းစည်းကမ်းများ၊မတည်ရန်ပုံငွေအရင်းအတိုးပေးဆပ်ရမည့်ကာလများ၊‌‌ ငွေထုတ်ချေးရာတွင် လိုက်နာရမည့်စည်းကမ်းချက်များ အားရှင်းလင်းပြောကြားခဲ့သည်။
 
ဆက်လက်၍ဒုတိယဦးစီးမှူးနှင့်တာဝန်ရှိသုများက‌ မြောက်ချောင်းဖြူကျေးရွာ၌ စတုတ္ထ အကြိမ်ထုတ်ချေးမည့် ရန်ပုံငွေ ကျပ် ၃၃ဒဿမ ၉သန်းအား ကျေးရွာမတည်ရန်ပုံငွေလုပ်ငန်းအဖွဲ့ထံ လွှဲပြောင်းပေးအပ်ခဲ့သည်။ထို့နောက်
မြောက်ချောင်းဖြူကျေးရွာ မတည်ရန်ပုံငွေလုပ်ငန်းအဖွဲ့သည်မြို့နယ်မှတာဝန်ရှိသူများ၏ကြီးကြပ်မှုနှင့်အတူစတုတ္ထအကြိမ်တွင်စိုက်ပျိုး၊မွေးမြူရေးနှင့်အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်ကြသောအသင်းသား (၁၂၀)ဦးအတွက် ငွေကျပ် ၃၃ဒဿမ၉သန်းအားအသင်းသားလက်ဝယ်ရောက်ရှိအောင်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
 
စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကမြောက်ချောင်းဖြူကျေးရွာ၌ VRFPစီမံကိန်းအား၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်တွင်ငွေကျပ်သန်း၃၀ဖြင့်မတည်ဆောင်ရွက်ပေးခဲ့ပြီးအဆိုပါမတည်ချေးငွေများဖြင့် ကျေးလက်နေတောင်သူများကတစ်ပိုင်င်တစ်နိုင်စီးပွားရေးလုပ်ငန်များ၊စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ လည်ပတ်ဆောင်ရွက်လျက်ရှိကြောင်း စလင်းမြို့နယ်ကျေးလက်ဦးစီးဌာနမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm