Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပုဗ္ဗသီရိမြို့နယ်၌ ကျေးလက်စီးပွားရန်ပုံငွေမြင့်မာရေးထူထောင်ခြင်း စီမံကိန်းရန်ပုံငွေ ပထမအကြိမ်ထုတ်ချေး


23 Aug,2023

နေပြည်တော် ဩဂုတ် ၂၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အေးမြင့်သာယာကျေးရွာ၌ ကျေးလက်စီးပွားရန်ပုံငွေမြင့်မားရေးထူထောင်ခြင်းစီမံကိန်း(RBF) ရန်ပုံငွေ ပထမအကြိမ်ထုတ်ချေးခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါ ကျေးရွာ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ထုတ်ချေးပေးရာတွင်  ပုဗ္ဗသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကိုကိုက  စီမံကိန်းချေးငွေများကို ကျေးရွာရှိ စိုက်ပျိုး မွေးမြူထုတ်လုပ်သူများနှင့် အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ကိုင်သူများအတွက် လိုအပ်သော ငွေကြေးအရင်းအနှီးများ ရရှိစေရန် ရည်ရွယ်၍ ထုတ်ချေး ပေးခြင်းဖြစ်ကြောင်းပြောကြားပြီ မြို့နယ်ဦးစီးမှူးနှင့် စီမံကိန်းတာဝန်ခံ ဝန်ထမ်းများက ကျေးရွာကော်မတီဝင် များအား ရန်ပုံငွေများ စနစ်တစ်ကျ လွှဲပြောင်းပေးအပ်ကြပါသည်။

ထို့နောက် ကျေးလက်စီးပွားရန်ပုံငွေမြင့်မားရေးထူထောင်ခြင်းစီမံကိန်း ပထမအကြိမ်အဖြစ် ပုဗ္ဗသီရိမြို့နယ် အေးမြင့်သာယာကျေးရွာရှိ ဝက်မွေးမြူရေး လ လုပ်ငန်းလုပ်ကိုင်မည့်သူ အစုအဖွဲ့ လေးဖွဲ့အတွက်  ငွေကျပ်သိန်း ၃၀၀ ကို ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထံ ထုတ်ချေးဆောင်ရွက်ပေးခဲ့ကြောင်း ပုဗ္ဗသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကိုကိုက ပြောပြ၍ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm