Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မကွေးမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုစစ်ဆေး


23 Aug,2023

မကွေး      ဩဂုတ်        ၂၃

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ယင်းသားစည်အနောက်ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ယင်းသာစည်အရှေ့ကျေးရွာကုန်ထုတ်လမ်းပေါ်၌ ကွန်ကရစ်ရေကျော်တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို တာဝန်ရှိသူများက ဩဂုတ်လ ၂၂ ရက်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးချုပ်မှ ညွှန်ကြားရေးမှူး ဦးကျော်ဇောဟိန်း၊ မကွေးတိုင်းဒေသကြီးဦးစီးမှူး ဦးတင့်လွင်ဦး၊ မကွေးခရိုင်ဦးစီးမှူး ဦးအောင်ကြီး၊ မကွေးမြို့နယ်ဦးစီးမှူး ဦးမင်းဇော်ဟန် နှင့် တာဝန်ရှိသူများသည် သက်ဆိုင်ရာကျေးရွာဖွံ့ဖြိုးတိုးတက်ရေးကော်မတီဝင်များနှင့်အတူ ယင်းသာစည်အနောက်ကျေးရွာတွင်းလမ်းအရှည် ၁၀၀၀ ပေ လမ်းအကျယ် ၁၂ ပေ လမ်းအမြင့် ၆ လက်မ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်ထားရှိမှုကိုကြည့်ရှုစစ်ဆေးရာ ယင်းသာစည်အနောက်ကျေးရွာဖွံ့ဖြိုးတိုးတက်‌ရေးကော်မတီဝင်တစ်ဦးက ကျေးရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ညွှန်ကြားရေးမှူးက ဆောင်ရွက်ပြီးလုပ်ငန်းများ ရေရှည်အသုံးပြုနိုင်ရေး စနစ်တကျ ဝိုင်းဝန်းထိန်းသိမ်းကြရန်မှာကြားသည်။

ဆက်လက်၍ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ယင်းသာစည်အရှေ့ကျေးရွာကုန်ထုတ်လမ်းပေါ်၌ အလျား ၈၀ ပေ အနံ ၁၈ ပေ ဒု ၈ လက်မရှိသော ကွန်ကရစ်ရေကျော်တည်ဆောက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ညွှန်ကြားရေးမှူးက တင်ဒါရကုမ္ပဏီမှ တာဝန်ရှိသူအား လုပ်ငန်းများအားလုံး သတ်မှတ်အတိုင်းအတာ ဒီဇိုင်းအတိုင်း အရည်အသွေးပြည့်မီစွာဆောင်ရွက်ရန်မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မကွေးမြို့နယ်၊ ယင်းသာစည်အနောက်ကျေးရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ထောက်ပံ့ငွေကျပ် တစ်ဆယ်သန်းနှင့် ပြည်သူထည့်ဝင်ငွေကျပ် တစ်ဆယ် ဒသမ ၇၆ သန်းအသုံးပြု၍ မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများ၏ အနီးကပ်ကြီးကြပ်မှု၊ နည်းပညာပံ့ပိုးမှုတို့ဖြင့် ကျေးရွာသူကျေးရွာသားများကိုယ်တိုင် ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်က ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယင်းသာစည်အရှေ့ကျေးရွာ ကုန်ထုတ်လမ်းလမ်းပေါ်ရှိ ကွန်ကရစ်ရေကျော်တည်ဆောက်ခြင်းလုပ်ငန်းအား  ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေကျပ် ၂၄ သန်းဖြင့် Dears Brain ကုမ္ပဏီက တာဝန်ယူ၍ ဆောင်ရွက်လျက်ရှိကြောင်း မကွေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm