Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

စလင်းမြို့နယ်၊တောင်ဘိုရွာသစ်ကျေးရွာတွင်းမြေနီကျောက် စရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအားကွင်းဆင်းစစ်ဆေး


22 Aug,2023

စလင်း    ဩဂုတ်     ၂၂
 
မကွေးတိုင်းဒေသကြီး၊စလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးမောင်မောင်သွင်နှင့်အင်ဂျင်နီယာများအဖွဲ့သည့် တောင်ဘိုရွာသစ်ကျေးရွာ၌ ကျေးရွာတွင်းမြေနီးကျောက်စရစ်လမ်းခင်းနေမှု အခြေအနေများအားဩဂုတ်(၂၁)ရက်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
 
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ဦးစီးမှူးဦးမောင်မောင်သွင်က တောင်ဘိုရွာသစ်ကျေးရွာရှိ ‌လမ်းကော်မတီဝင်များ၊ရပ်မိရပ်ဖများနှင့်အတူ မြေနီကျောက် စရစ်လမ်းခင်းနေမှအခြေအနေများအားကြည့်ရှုစစ်ဆေးခဲ့ပြီး လမ်းအရည်အသွေးကောင်းမွန်ရေး၊သတ်မှတ်ပေအတိုင်း အတာများပြည့်မြောက်ရေးအလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း မှာကြားခဲ့သည်။
 
အဆိုပါတောင်ဘိုရွာသစ်ကျေးရွာ၌ ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်တွင် VDPစီမံကိန်းဖြင့်ကျေးရွာတွင်းလမ်းမြေနီခင်းခြင်းလုပ်ငန်းအားကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှငွေကျပ်သိန်း၁၀၀ဖြင့် ဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပြီး မိုခါဆိုင်ကလုန်းမုန်တိုင်းကျရောက်မှုဒဏ်ကြောင့် ကျေးရွာတွင်းလမ်းများစွာပျက်စီးခဲ့သဖြင့် ပျက်စီးသွားသောနေရာများအားပြန်လည်ပြုပြင်နိုင်ရန် ကျေးလက်ဦးစီးဌာနမှ ထပ်မံငွေကျပ် ၆.၈သန်းပံ့ပိုးပေးခဲ့ပြီး အဆိုပါငွေပမာဏဖြင့်လမ်းအရှည် ၈၀၀ပေ၊အကျယ်၁၂ပေ၊၉လက်မထုဖြင့် မြေနီကျောက်စရစ်ပြည်လည်ခင်းခြင်းလုပ်ငန်းအား ဩဂုတ် ၁၉ရက်နေ့မှစတင်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဦးစီးဌာနမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm