ကျောက်ဖြူ၊ ဩဂုတ် ၂၁
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ကျောက်ဖြူမြို့နယ် ပညာရေးဌာနငွေစုငွေချေးသမဝါယမ အသင်းလီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာအစည်းအဝေးအခမ်းအနားကို မြို့နယ်ပညာရေးမှူးရုံးရှိ ကုမုဒြာခန်းမတွင် ကျင်းပပြုလုပ်ရာ အသင်းအမှုဆောင်အဖွဲ့၊ မြို့နယ် သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ အသင်းသား၊ အသင်းသူများ တက်ရောက်ကြသည်။ အခမ်းအနားတွင် သဘာပတိအဖြစ် အသင်းဒုတိယဥက္ကဌ ဦးသိန်းအောင်၊ အခမ်းအနားမှူးများအဖြစ် အသင်းသားများဖြစ်ကြသည့် ဒေါ်ခင်တိုးတိုးဝင်းနှင့် ဒေါ်ခင်မီမီလင်းတို့က ဆောင်ရွက်ကြပြီး သဘာပတိက အဖွင့်အမှာစကားပြောကြားခြင်း၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်တင်ဝင်းက သမဝါယမ အသင်းဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်များ၊ စည်းကမ်းချက်များနှင့် အသင်းသားအင်အား၊ အစုငွေ၊ စုဆောင်းငွေနှင့် စုဆောင်းငွေအပေါ်အတိုးများ သတ်မှတ်ထား ရှိခြင်းနှင့်ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
ထို့နောက် အသင်းအုပ်ချုပ်မှုဒါရိုက်တာ ဦးအောင်ဝင်းလွင်က ဒါရိုက်တာအဖွဲ့ အစီအရင်ခံစာ၊ လက်ကျန်ရှင်းတမ်း၊ အမြတ်ခွဲဝေစာရင်းနှင့် အသင်းစာရင်းစစ် ဦးညီလင်းထွန်းက စာရင်းစစ်အစီရင်ခံ စာတို့အား ဖတ်ကြားတင်သွင်းရာ အသင်းသားများမှ အကြံပြုဆွေးနွေးကြပြီး သဘာပတိက အသင်းနှင့်ပတ်သက်သော ရှေ့လုပ်ငန်းစဉ်များ၊ သာရေး၊ နာရေးကိစ္စရပ်များကို ဆုံးဖြတ်အတည်ပြု ကြသည်။ ဆက်လက်၍ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် အသင်းသားများ ၏ ရင်သွေးငယ်များအား ပညာရည်ချွန်ဆုများကို တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ပြီး သဘာပတိမှ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ပညာရေးဌာနငွေစုငွေချေး သမဝါယမအသင်းရှိ အသင်းသား ၁၇၅၂ ဦး၏ စုဆောင်းငွေအပေါ်အတိုးငွေ ၃၂.၀၄ ကျပ်သန်းအား အသင်းသားများသို့ ထုတ်ပေးခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်