Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုနယ်မြေနေပြည်တော်၊ လဲလူးအိုင်ကျေးရွာ၊ မိသားစုဝင်ငွေတိုးရေးစီမံကိန်း ဝါးအခြေခံလက်မှုထည်ထုတ်လုပ်မှုနည်းပညာ(မွမ်းမံ)သင်တန်း ဖွင့်လှစ်


21 Aug,2023

နေပြည်တော်၊ ဩဂုတ်လ ၂၁ ရက်

                  ပြည်ထောင်စုနယ်မြေနေပြည်တော် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနဦးစီးဌာန အနေဖြင့် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့်ကျေးလက်နေမိသားစုဝင်ငွေတိုးရေးဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်း(၇)ခု အနက်မှ  လူငယ်များအလုပ်အကိုင် အခွင့်အလမ်းဖန်တီးပေးနိုင်ရေးစီမံကိန်းလုပ်ငန်းကို အကောင်အထည်ဖော်မည့် ပျဉ်းမနားမြို့နယ်၊ လဲလူးအိုင်ကျေးရွာ၊ ဝါးအခြေခံလက်မှုထည်လုပ်ငန်းလုပ်ကိုင်လိုသူ(၆)ဦးအား ဝါးအခြေခံလက်မှုထည်ထုတ်လုပ်မှုနည်းပညာအား(မွမ်းမံ) ထပ်မံပေးရန်အတွက် ဖွင့်ပွဲအခမ်းအနားကို ၂၁-၈-၂၀၂၃ ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ နေပြည်တော်စီမံကိန်းလုပ်ငန်းကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်(၂) ဦးဇေယျာလင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်(နည်းပညာ)၊ ညွှန်ကြားရေးမှူး(စီမံကိန်းဌာနခွဲ)၊ ညွှန်ကြားရေးမှူး(လက်မှုဖွံ့ဖြိုးရေးဌာနခွဲ)၊ နေပြည်တော်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တိုင်းဦးစီးမှူး(ညွှန်ကြားရေးမှူး) ၊ ပျဉ်းမနားခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ မြို့နယ်အဆင့်တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့်လုပ်ငန်း ဆောင်ရွက်မည့်သူများ တက်ရောက်ခဲ့ကြပါသည်။

                  အဆိုပါအခမ်းအနားတွင် နေပြည်တော်ကောင်စီဝင်က သင်တန်းဖွင့်အမှာစကားပြောကြားရာတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း အသေးစား ကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းအတွက် စီမံကိန်းလုပ်ငန်း(၆)ခု၊ သင်တန်း(၅)မျိုးကို ကျေးရွာ(၉)ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လူငယ်များအလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးနိုင်ရေး စီမံကိန်းလုပ်ငန်းအစီအစဉ်ဖြင့် ဝါးအခြေခံလက်မှုထည်ထုတ်လုပ်မှုနည်းပညာ(မွမ်းမံ)သင်တန်းကို ပထမအကြိမ်ဝါးအခြေခံလက်မှုထည်ထုတ်လုပ်မှုနည်းပညာသင်တန်း တက်ရောက်ခဲ့သည့် သင်တန်းသား(၁၄)ဦးအနက်မှ အမှန်တကယ်လုပ်ငန်း လုပ်ကိုင်မည့်သူ (၆)ဦးကို ကျွမ်းကျင်နည်းပြများမှ သင်ကြားပို့ချသွားမည်ဖြစ်ပါကြောင်း၊ ယနေ့ဖွင့်လှစ်သော သင်တန်းသည် ပုံမှန်ပို့ချပေးလျက်ရှိသည့် နည်းပညာသင်တန်းများနှင့်မတူဘဲ သင်တန်းဆင်းများအနက် ထူးချွန်ပြီး အမှန်တကယ်လုပ်ငန်းပြန်လည်လုပ်ကိုင်မည့်သူ(၅)ဦးကို တစ်ဦးလျှင် ကျပ်(၁၀)သိန်းနှင့်ညီမျှသော လိုအပ်သည့်ရင်းနှီးပစ္စည်းများ ထောက်ပံ့ပေးအပ် သွားမည်ဖြစ်သည့်အတွက် သင်တန်းသားများအနေဖြင့်  လက်တွေ့အသုံးချနိုင်သည်အထိ စနစ်တကျ လေ့လာသင်ယူကြဖို့ မှာကြားလိုပါကြောင်း ပြောကြားပါသည်။

                  ဆက်လက်၍ အသက်မွေးဝမ်းကျောင်းနည်းပညာသင်တန်းများ တက်ရောက်ခြင်းဖြင့် ကိုယ်ပိုင်လုပ်ငန်းငယ်များ ထူထောင်လာနိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်းများရရှိလာခြင်း၊ လဲလူးအိုင်ဒေသထွက် ကုန်ဖြစ်တဲ့ ဝါးကုန်ကြမ်းကို ယခင်လို ဇကော၊ ဇကာ၊ အုပ်စောင်း၊ တောင်း၊ ပလိုင်းစတဲ့ မိရိုးဖလာပစ္စည်းများအပြင် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်လာနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိလာမှာဖြစ်သည့် အတွက် စွန့်ဦးတီထွင် လုပ်ငန်းရှင်များပေါ်ထွန်းလာပြီး ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်တက်လာမည်ဖြစ်ပါကြောင်းပြောကြားပြီး၊ လဲလူးအိုင်ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများအနေဖြင့် မိမိတို့ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန်၊ မိမိနိုင်ငံနှင့်လူမျိုးကိုချစ်သည့် စိတ်ဖြင့်ပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားပါသည်။ ထို့နောက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်(နည်းပညာ)က စီမံကိန်းလုပ်ငန်းလုပ်ကိုင်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းတင်ပြခဲ့ပါသည်။

            အဆိုပါကျေးရွာတွင် ဝါးအခြေခံလက်မှုထည်ထုတ်လုပ်မှုနည်းပညာအား လုပ်ငန်းထူထောင်နိုင်သည်အထိ ကျွမ်းကျင်တတ်မြောက်အောင် သင်ကြားပေးနိုင်ရေးအတွက် မွမ်းမံသင်တန်းထပ်မံပေးခြင်းဖြစ်ပြီး အမှန်တကယ်လုပ်ငန်း ထူထောင်မည့် ထူးချွန်သင်တန်းသား(၅)ဦးအား တစ်ဦးလျှင် ငွေကျပ်(၁၀)သိန်းနှင့် ညီမျှသောစက်ပစ္စည်းများ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm