Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သံတွဲမြို့နယ်၊ ရှင်အောင်ကျေးရွာတွင် မိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်း စတင်ဆောင်ရွက်


22 Aug,2023

သံတွဲ၊ ဩဂုတ်လ ၂၂ ရက်

            သံတွဲခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်း(၇)ခု အနက်မှ အသေးစား၊ အငယ်စား စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရေး ဆောင်ရွက်မည့်စီမံကိန်း လုပ်ငန်းကို အကောင်အထည်ဖော်မည့် သံတွဲမြို့နယ်၊ ရှင်အောင်ကျေးရွာတွင် မော်တော်ဆိုင်ကယ်ပြုပြင်ရေးလုပ်ငန်း လုပ်ကိုင်လိုသူ(၁၀)ဦးအား အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းပညာပေးရန်အတွက် ဖွင့်ပွဲအခမ်းအနားကို ၂၂-၈-၂၀၂၃ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

                အဆိုပါဖွင့်ပွဲတွင် သံတွဲခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတာဝန်ခံ ဦးစီးအရာရှိက သင်တန်းအဖွင့်အမှာစကားနှင့်စီမံကိန်းလုပ်ငန်းလုပ်ကိုင်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီးနောက် သင်တန်းသားများအား သင်ထောက်ကူပစ္စည်းများနှင့် သင်တန်းသုံးပစ္စည်းများအားပေးအပ်ခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားသို့ သံတွဲခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှဝန်ထမ်းများ၊ ကျေးရွာမှရပ်မိရပ်ဖများ၊ စီမံကိန်းလုပ်ငန်းအကောင်အထည်ဖော်ရေးကော်မတီဝင်များနှင့်လုပ်ငန်းဆောင်ရွက်မည့်သူများ တက်​ရောက်ခဲ့ပါသည်။

            အဆိုပါကျေးရွာတွင် အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းပညာအား လုပ်ငန်းထူထောင်နိုင်သည်အထိ ကျွမ်းကျင်တတ်မြောက်အောင် သင်ကြားပေးသွားမည်ဖြစ်ပြီး အမှန်တကယ်လုပ်ငန်း ထူထောင်မည့် ထူးချွန်သင်တန်းသား(၅)ဦးအား သတ်မှတ်ချက်နှင့်အညီရွေးချယ်ပြီး တစ်ဦးလျှင်ငွေကျပ် (၁၀) သိန်းနှင့်ညီမျှသောစက်ပစ္စည်းများ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm