မကွေးတိုင်းဒေသကြီး မကွေးခရိုင် နတ်မောက်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ နတ်မောက်-ဝက်ချုပ် ကားလမ်းမကြီးမှ ဝါးရုံကုန်း-ကျောက်ပုံ ကျေးရွာချင်းဆက်လမ်း ကျောက်ချောခင်းကျင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ဩဂုတ် ၂၁ ရက်တွင် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် နတ်မောက်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ အငယ်တန်း အင်ဂျင်နီယာ-၁ (မြို့ပြ) ဦးမင်းမင်းမောင်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန စီမံကိန်းစစ်ဆေးရေးနှင့် အရည်အသွေး ထိန်းသိမ်းရေးအဖွဲ့ (ရုံးချုပ်) အငယ်တန်းအင်ဂျင်နီယာ-၂ (မြို့ပြ) ဦးခိုင်မင်းစိုးနှင့် တာဝန်ခံအင်ဂျင်နီယာများက သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကျေးရွာချင်းဆက်လမ်း ကျောက်ချောခင်းကျင်းခြင်းလုပ်ငန်း ဆောင်ရွက် နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။
အဆိုပါ ကျေးရွာချင်းဆက်လမ်း ကျောက်ချောခင်းခြင်းလုပ်ငန်းကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ခွင့်ပြုငွေ ငွေကျပ် ၉၆ ဒသမ ၈၈၂ သန်းဖြင့် ဇွန်လမှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ ၈၅ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးပြီဖြစ်သည်။
အဆိုပါ ကျေးရွာချင်းဆက်လမ်း ကျောက်ချောခင်းကျင်းမှု ဆောင်ရွက်ပြီးစီးပါက အဆိုပါကျေးရွာနှစ်ရွာရှိ ဒေသခံပြည်သူများ ရာသီမရွေး သွားလာရေးအဆင်ပြေစေမည်ဖြစ်ကြောင်း သိရသည်။
သူသူ
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်