ခန္တီး ဩဂုတ် ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း VDP ဆောင်ရွက်မည့် နန်မုံကျေးရွာ၌ စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ယနေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ စုရပ်ဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ပထမဦးစွာ ခန္တီးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စုစုလင်းက အဖွင့်အမှာစကားပြောကြားပြီး ခန္တီး မြို့နယ်ဦးစီးမှူး ဒေါ်ထက်ဥမ္မာခင်က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း၏ ရည်ရွယ်ချက်၊ အကျိုးကျေးဇူးများ၊ ဆောင်ရွက်မည့် လုပ်ငန်းစဥ်များ၊ စီမံကိန်းလက်စွဲပါ ကော်မတီရွေးချယ်ရာတွင် လိုက်နာရန်အချက်များ၊ ကော်မတီဝင်များ၏ တာဝန်များနှင့် အကျုံးဝင်သောစီမံကိန်းလုပ်ငန်းများကို ဆွေးနွေးပြောကြားသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသူကျေးရွာသားများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ သိလိုသည်များမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ခန္တီးမြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက အခမ်းအနားသို့ တက်ရောက်လာကြသော ကျေးရွာသူကျေးရွာသားများ၏ အများသဘောဆန္ဒဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဝင် ၇ ဦးကို ရွေးချယ်ခဲ့ကြောင်းသိရသည်။
ခန္တီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာများ၏ ပကတိလိုအက်ချက်များအားဖော်ထုတ်ပြီး ဖွံ့ဖြိုးရေးအစီအစဉ်များ ရေးဆွဲရန်အတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း VDP ကို ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ခန္တီးမြို့နယ် ဦးစီးမှူး ဒေါ်ထက်ဥမ္မာခင်ထံမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်