Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ချောက်မြို့နယ်တွင် ကျေးရွာချင်းဆက် မြေနီလမ်းဖောက်လုပ်နေမှု စစ်ဆေး


21 Aug,2023

ချောက် ဩဂုတ် ၁၈

      မကွေးတိုင်းဒေသကြီး ချောက်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ချောက်မြို့နယ်တွင် ကျေးရွာချင်းဆက်လမ်း မြေနီလမ်းဖောက်လုပ်နေမှု အခြေအနေကို ဩဂုတ် ၁၇ ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ချောက်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ (မြို့ပြ) ဦးဇော်မင်းထွဋ်နှင့် တင်ဒါအောင်မြင်သည့် K Z EN ကုမ္ပဏီမှ တာဝန်ရှိသူများက ၂၀၂၃ - ၂ဝ၂၄ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေ ကျပ် ၁၇ ဒသမ ၅ သန်းဖြင့် ကတိုင်(တ)-ညောင်ပင်စမ်း ကျေးရွာချင်းဆက် မြေနီလမ်းဖောက်လုပ်နေမှုကို ကွင်းဆင်းစစ်ဆေးပြီး ဦးစီးအရာရှိ (မြို့ပြ)ဦးဇော်မင်းထွဋ်က တာဝန်ရှိသူများကို လုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရေး အလေးထားဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေးမှာကြားသည်။

       ချောက်မြို့နယ် ကတိုင်(တ)- ညောင်ပင်စမ်း ကျေးရွာချင်းဆက်လမ်း အရှည်ပေ ၂ မိုင် ၁ ဖာလုံ၊ အကျယ် ၁၈ ပေ၊ အမြင့် ရှစ် လက်မရှိ ကျေးရွာချင်းဆက်လမ်း ကို K Z EN ကုမ္ပဏီက တာဝန်ယူ၍ ၂၀၂၃ ခုနှစ် ဩဂုတ်လ ပထမ ပတ်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ၉၀ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်သည်။

      အဆိုပါလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကြောင့် ကတိုင်(တ)- ညောင်ပင်စမ်း ကျေးရွာချင်းဆက်လမ်းပေါ်ရှိ ကျေးရွာ လေးရွာမှ အိမ် ခြေ ၁၁၅၀၊ လူဦးရေ ၄ဝဝဝ တို့ အဆင်ပြေလွယ်ကူစွာဖြင့် သွားလာနိုင်မည်ဖြစ်ရာ ဒေသခံပြည်သူများ၏ ဒေသထွက်ကုန်ပစ္စည်းများကို သယ်ယူစရိတ်သက်သာစွာဖြင့် ရောင်းချနိုင်တော့မည်ဖြစ်ပြီး လူမှုရေး၊ ကျန်းမာရေးနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများအတွက် အကျိုးပြုသွားမည်ဖြစ်ကြောင်း ချောက်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ (မြို့ပြ) ဦးဇော်မင်းထွဋ်ထံမှသိရသည်။

နွဲ့ယဉ်


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm