တန့်ယန်း ဩဂုတ် ၂၁
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၉ - ၂၀၂၀ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာ မတည် ရန်ပုံငွေစီမံကိန်းဝင် ကျေးရွာဖြစ်သည့် နောင်ခမ်းကျေးရွာအုပ်စု၊ ကျောင်းကုန်းကျေးရွာ၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း လည်ပတ်ရန်ပုံငွေ စတုတ္ထအကြိမ် ထုတ်ချေး ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက အဆိုပါ ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ထိုသို့ထုတ်ချေးပေးရာတွင် တန့်ယန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဇာနည်ဝင်းက ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းဖြင့် ကျေးလက်နေပြည်သူများ ဆင်းရဲမှုလျော့ကျစေရန်နှင့် တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ၊ အခြားမိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပါသည်။
ထို့နောက် ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက ကျောင်းကုန်းကျေးရွာ မြစိမ်းရောင်စီမံကိန်း စတုတ္တအကြိမ်အဖြစ် စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်မည့်သူ ၁၆ ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်မည့်သူ လေးဦး၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ နှစ်ဦး စုစုပေါင်း အသင်းသား ၂၂ ဦးအတွက် စီမံကိန်းရန်ပုံငွေကျပ် ၃၀၄ သိန်းကို ထုတ်ချေးဆောင်ရွက်ပေးခဲ့ကြောင်း တန့်ယန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဇာနည်းဝင်းက ပြောပြ၍ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်