Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

‌စလင်းမြို့နယ် တောင်ဘိုရွာသစ်ကျေးရွာ၌စင်မြင့်ရေစင်တည်ဆောက်ခြင်းနှင့်ဆက်စပ်လုပ်ငန်းဆောင်ရွက်နေမှုအားကွင်းဆင်းစစ်ဆေး


21 Aug,2023

စလင်း      ဩဂုတ်      ၂၁
 
မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင်၊စလင်းမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများရာသီမရွေးသောက်သုံးရေလွယ်ကူစွာရရှိအသုံးပြုနိုင်ရန်ရည်ရွယ်၍ တောင်ဘိုရွာသစ်ကျေးရွာ၌ စင်မြင့်ရေစင်တည် ဆောက်ခြင်းနှင့်ဆက်စပ်လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ဩဂုတ် ၂၀ရက်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
 
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင်သွင်နှင့်အင်ဂျင်နီယာများအဖွဲ့သည် တောင်ဘိုရွာသစ်ကျေးရွာ ရေးရရှိရေးကော်မတီဝင်များနှင့်အတူ စင်မြင့်ရေစင်တည်ဆောက်ခြင်းနှင့်ဆက်စပ်လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအားကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့နယ်ဦးစီးမှူး ဦးမောင်မောင်သွင်က စေတုတ္တရာချင်းတိုင်းရင်းသားများဖွံ့ဖြိုးရေးကုမ္ပဏီမှ တာဝန်ရှိသူများအားလုပ်ငန်းသတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးနိုင်ရေးအလေးထားဆောင်ရွက်ကြရန် မှာကြားခဲ့သည်။
 
အဆိုပါ တောင်ဘိုရွာသစ်ကျေးရွာ၌ ဂါလံ(၂၄၀၀)ဆံ့စင်မြင့်ရေစင်တည်ဆောက်ခြင်းနှင့်ရေမြှုပ်ပန့်တပ်ဆင်ခြင်းလုပ်ငန်းများကို၂၀၂၃-၂၀၂၄ခုဘဏ္ဍာရေးနှစ်တွင် စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တိုင်းဒေသကြီးအစိုးရခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၂၇ဒဿမ ၃၃၅ဖြင့် တင်ဒါအောင်မြင်သည့် စေတုတ္တရာချင်းတိုင်းရင်းသားများဖွံ့ဖြိုးရေးကုမ္ပဏီမှဇွန်လ ၁၈ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ရာ ယခုချိန်တွင် သုံးဆယ်ရာခိုင်းနှုန်းကျော်ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း စလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင်သွင် ထံမှသိရသည်။
 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm