မိုးမောက်၊ ဒေသဖွံ့ဖြိုးရေး
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ပြည်ထောင်စုခွင့်ပြုငွေဖြင့် မန်နောင်၊ ခုံဆင့်သစ်-ခုံဆင့်ဟောင်း-နောင်လိုက်ကျေးရွာချင်းဆက်လမ်းပေါ်ရှိ ခုံဆင့်သစ် (တာပိန်မြစ်) မြစ်ကူး တံတား ပထမပိုင်းတည်ဆောက်နေမှု အခြေအနေများကို ဩဂုတ် ၁၈ ရက်က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကြသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မိုးမောက်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ (မြို့ပြ) ဦးမင်းဆွေအောင်နှင့် တာဝန်ရှိသူများသည် မန်နောင်၊ ခုံဆင့်သစ်-ခုံဆင့်ဟောင်း-နောင်လိုက်ကျေး ရွာချင်းဆက်လမ်း ပေါ်ရှိ အရှည် ပေ ၅ဝဝ၊ အကျယ် ပေ ၂ဝ၊ အမြင့် ၁၅ ပေရှိ (RC+ RPT) တာပိန်မြစ်ကူးတံတားတည်ဆောက်နေမှုအခြေ အနေများကို ကြည့်ရှုစစ်ဆေးပြီး ဦးစီးအရာရှိ (မြို့ပြ)က တံတားတည်ဆောက်ရေးအဖွဲ့ (ရုံးချုပ်) မှ တာဝန်ရှိသူများ၊ ကျေးရွာသူ၊ ကျေးရွာသားများနှင့်တွေ့ဆုံကာ လိုအပ်သည်များ ဆွေးနွေးမှာကြားသည်။
အဆိုပါ တာပိန်မြစ်ကူးတံတား တည်ဆောက်ခြင်းလုပ်ငန်းကို ပြည်ထောင်စု ခွင့်ပြုငွေကျပ် သန်း ၁၅ဝ ဖြင့် ဇွန်လ ဒုတိယပတ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းဆောင်ရွက်မှု ၅ဝ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်သည်။ ယင်းလုပ်ငန်းအားလုံး ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပါက မန်နောင်ကျေးရွာ၊ ခုံဆင့်သစ်ကျေးရွာ၊ ခုံဆင့်ဟောင်းကျေးရွာ၊ နောင်လိုက်ကျေးရွာ၊ စီကော်ကျေးရွာနှင့် ဟင်္သာကျေးရွာ စုစုပေါင်း ကျေးရွာ ခြောက်ရွာရှိ အိမ်ခြေ ၁၄၁၈ အိမ် လူဦးရေ ၆၄၈၆ ဦးတို့၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာနိုင်မည် ဖြစ်ကြောင်း သိရသည်။
မောင်ခိုင်
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်