Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ရေးမွမ်းမံသင်တန်းဖွင့်ပွဲကျင်းပ


21 Aug,2023

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိလာစေရန်၊ မိသားစုဝင်ငွေ တိုးပွားလာစေရန်၊ ဆင်းရဲနွမ်းပါးမှုလျော့ချရေးလုပ်ငန်းစဉ်များကို အထောက်အကူပြုရန်နှင့် တိုးပွားလာသော ရန်ပုံငွေများဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာမှ ကိုယ်တိုင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းတွေ ပိုမိုခိုင်မာအားကောင်းလာစေဖို့၊ မြေပြင်စနစ်တကျ ကွင်းဆင်းကြီးကြပ်စစ်ဆေးနိုင်စေဖို့၊ စီမံကိန်းတွင် ပြောင်းလဲအသုံးပြုနေသော နည်းပညာများ၊ လုပ်ထုံးလုပ်နည်းများအား သိရှိနိုင်စေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ရေး မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်း ၉:၃၀နာရီအချိန်က နေပြည်တော်ရှိ ရုံးအမှတ်(၃၆) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က အဖွင့်အမှာ စကားပြောကြားသည်။ အဆိုပါသင်တန်းကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ပြည်နယ်များမှ သင်တန်းသား/သူ (၃၁)ဦး တက်ရောက်ကြပြီး သင်တန်းတွင် မူဝါဒရေးရာကိစ္စရပ်များလမ်းညွှန် မှာကြားခြင်း၊ မြစိမ်းရောင်စီမံကိန်းအခြေအနေနှင့် ရှေ့လုပ်ငန်းစဉ်းများ၊ Mobile Financial Pahment၊ ကြွေးကျန်၊ သက်တမ်းတိုး၊ မှတ်တမ်းထားရှိခြင်းနှင့် ပယ်ဖျက်ခွင့် လုပ်ငန်းစဉ်များ၊ Exit Strategy၊ ငွေစာရင်းပုံစံရေးသွင်းခြင်း၊ လစဉ်ပြန်တမ်းပြုစုခြင်း၊ MISစနစ် လက်တွေ့အသုံးပြုမှုများကို (၃)ရက်ကြာ ဖွင့်လှစ်ပို့ချ သွားမည်ဖြစ်ကြောင်း သိရသည်။အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားကို ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် သင်တန်းသား/သူ (၃၁)ဦး တက်ရောက်ကြကြောင်းသိရသည်။
 
 
 
 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm