Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကရင်ပြည်နယ်၌ ဝက်နှင့်ဆိတ်မွေးမြူရေးဇုန် သီးသန့်ဖော်ထုတ်


21 Aug,2023

ဘားအံ ဩဂုတ် ၂၀

      ဘားအံ-လှိုင်းဘွဲ့ ကားလမ်းမကြီးဘေးရှိ စက်မှုဇုန်အနောက်ဘက် မိဇံကျေးရွာ ပတုပ်စားကျက်ကွင်းနှင့် ပတုပ်တောင်ကွင်းတို့၌ ဝက်မွေးမြူရေးဇုန် သီးသန့်နှင့်ဆိတ်မွေးမြူရေးဇုန် သီးသန့်တို့ကို ဖော်ဆောင်လျက်ရှိရာ ဩဂုတ်၁၉ ရက်တွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

      ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဝက်နှင့်ဆိတ်မွေးမြူရေးဇုန် သီးသန့် ဖော်ထုတ်ရာတွင် အသစ်ဖောက်လုပ်နေသည့် ဇုန်ပတ်လမ်း၊ ဇုန်တွင်းလမ်း၊ ဝင်လမ်း၊ ထွက်လမ်းများဖော်ထုတ်ပေးနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစောကျော်ဝင်းနှင့် တာဝန်ရှိသူများက ပထမအဆင့်အနေဖြင့် တစ်ကြောင်းထိုး မြေသားလမ်းဖောက်လုပ်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိုဝင်ဘာလတွင် ကျရောက်မည့် ကရင်ပြည်နယ်နေ့အမီ ဖွင့်လှစ်နိုင်ရေးတွန်းအားပေး ဆောင်ရွက်ကြရန်၊ လက်ရှိမွေးမြူသူများနှင့် စိတ်ပါဝင်စားသူများအနေဖြင့် ဇုန်အသစ်တွင်မွေးမြူနိုင်ရေး လာရောက် ကြည့်ရှုလေ့လာနိုင်အောင် စီစဉ်ဆောင်ရွက်ပေးရန် မှာကြားသည်။

     ပြည်နယ်အတွင်း အလုပ်အကိုင် အခွင့်အလမ်းများရရှိပြီး စားရေရိက္ခာဖူလုံပိုလျှံ၍ အသားထုတ်လုပ်မှုကဏ္ဍ တိုးတက်မြင့်မားလာစေရန်နှင့် မွေးမြူရေးလုပ်ငန်းများမှတစ်ဆင့် ထုတ်ကုန်များ(ကုန်ချော) တိုးမြှင့်ထုတ်လုပ်ကာဈေးကွက်သို့ တင်ပို့ရောင်းချနိုင် ရေးအတွက် ဝက်နှင့်ဆိတ်မွေးမြူရေးဇုန်သီးသန့်ကို ဖော်ဆောင်နေခြင်းဖြစ်ပြီး ရှင်းလင်းဆောင်၊ ဝက်ဒိုင်၊ ဆိတ်ဒိုင်၊ ရုံးခန်း၊ ဆေးဝါး နှင့် တိရစ္ဆာန်အစာဆိုင်နေရာများပါဝင်မည်ဟုသိရသည်။

      ဝက်မွေးမြူရေးဇုန် ၄၉ ဒသမ ၀၇ ဧကနှင့် ဆိတ်မွေးမြူရေးဇုန် ၄၉ ဒသမ ၃၁ ဧကပေါ်တွင်တစ်ယူနစ်လျှင် သုည ဒသမ ၇၅ ဧကခန့်ရှိ အကွက်ပေါင်း ၅ဝ စီခန့်ဖော်ဆောင်၍ ခေတ်မီနည်းစနစ်များဖြင့် မျိုးကောင်းမျိုးသန့်ဝက်နှင့်ဆိတ် သီးသန့်မွေးမြူ ထုတ်လုပ်နိုင်ရန် ယခုကဲ့သို့သီးသန့်ဇုန်များ  ဖော်ထုတ်ပေး ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm