နေပြည်တော် ၊ ဩဂုတ် ၁၈ ရက်
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ မြို့နယ်အင်ဂျင်နီယာ (တာဝန်ခံ)များ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း(၁/၂၀၂၃)သို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော် တက်ရောက်အမှာစကားပြောကြားရာ မြို့နယ်တာဝန်ခံများ အနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာ၌ သတ်မှတ်စံချိန်စံညွှန်းများအတိုင်း အလေးထားဆောင်ရွက်ကြရန်၊ လုပ်ငန်းများ သတ်မှတ်ကာလအတွင်းပြီးစီးနိုင်ရေး Woking Schedules များ ထားရှိဆောင်ရွက်ကြရန်၊ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြှင့်တင်ရေးတစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးကြရန်နှင့် မိမိတို့ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများ အချင်းချင်းပူးပေါင်းဆောင်ရွက်ကြရန် စသည်ဖြင့် လမ်းညွှန်မှာကြားခဲ့ပါသည်။ ဆက်လက်၍ သင်တန်းဆင်းပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနေဦးက သင်တန်းဆင်းအမှာစကား ပြောကြားပြီးနောက် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနေဦးနှင့် ဒေါက်တာထွန်းမြင့်အောင်တို့က သင်တန်းဆင်းအောင်လက်မှတ်များ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ပါသည်။
အဆိုပါသင်တန်းကို ရုံးချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ သင်တန်းသား/သူ (၄၆)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလကို (၁၄-၈-၂၀၂၃)မှ (၁၈-၈-၂၀၂၃)ရက်နေ့ထိ သင်ကြားပို့ချပေးခဲ့ပါကြောင်းသိရှိရပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်