နေပြည်တော် ဩဂုတ် ၂၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဝန်ထမ်းများ ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် အဆင်ပြေ လွယ်ကူစေရန်နှင့် စွမ်းဆောင်ရည်မြင့်မားတိုးတက်စေရန်ရည်ရွယ်၍ ကွန်ပျူတာဖြင့် "ဌစ" စာရင်းရေးသွင်းနည်းသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါ ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဥတ္တရခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစိုးလင်းက သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းက သင်ကြားပို့ချ ပေးသော သင်ခန်းစာများကို လက်တွေ့အသုံးချပြီး မိမိတို့၏ စွမ်းဆောင်ရည်များ စဉ်ဆက်မပြတ်တိုးတက်အောင် လေ့လာသင်ယူကြရန် ရှင်းလင်းပြောကြားပါသည်။ ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်) လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီလွင်က သင်တန်းတွင်ပို့ချမည့် ဘာသာရပ်ဆိုင်ရာများကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသည့် သင်တန်းသား၊ သင်တန်းသူများက တစ်ဦးချင်းမိတ်ဆက်ကြပါသည်။
အဆိုပါ ကွန်ပျူတာဖြင့် "ဌစ" စာရင်းရေးသွင်းနည်းသင်တန်းသို့ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ဥတ္တရသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သင်တန်းသား၊ သင်တန်းသူ ၁၀ ဦး တက်ရောက်ကြပြီး သင်တန်းတွင် သင်တန်းနည်းပြများက ဌာနဆိုင်ရာငွေစာရင်း ထိန်းသိမ်းနည်းပုံစံများ၊ ကွန်ပျူတာဖြင့် "ဌစ" စာရင်းရေးသွင်းနည်းနှင့် ပတ်သက်သည့် သင်ခန်းစာများကို ယခုလ ၂၁ ရက်နေ့မှ ၂၅ ရက်န့အထိ ငါးရက်ကြာ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း ခရိုင်ဦးစီးမှူး ဦးစိုးလင်းထံမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်