ရေနံချောင်း သြဂုတ် ၁၈
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ဖန်းခါးစမ်း-သန်းပင်ကုန်း-အလယ်ကန် ကျေးရွာချင်းဆက်လမ်း မြေနီခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ဩဂုတ် ၁၇ ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရေနံချောင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဒေါ်နှင်းပုလဲထွေးနှင့် တာဝန်ခံအင်ဂျင်နီယာများက သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ရေနံချောင်းမြို့နယ် ဖန်းခါးစမ်း- သန်းပင်ကုန်း-အလယ်ကန် ကျေးရွာချင်းဆက်လမ်း မြေနီခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေ များကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဒေါ်နှင်းပုလဲထွေးက လုပ်ငန်းများ အချိန်မီပြီးစီးရေး ဝိုင်းဝန်းဆောင်ရွက်ကြရန် မှာကြားသည်။
အဆိုပါ ရေနံချောင်းမြို့နယ် ၊ ဖန်းခါးစမ်း-သန်းပင်ကုန်း-အလယ်ကန် ကျေးရွာချင်းဆက်လမ်း အရှည် တစ်မိုင် ခြောက် ဖာလုံ၊ အကျယ် ၁၈ ပေ၊ အမြင့် ရှစ် လက်မရှိ မြေနီခင်းခြင်းလုပ်ငန်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံ ငွေကျပ် ၆၄ ဒသမ ၆၅၅ သန်းဖြင့် မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ဇွန်လ တတိယပတ်က စတင် ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ၅၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျေးရွာချင်းဆက်လမ်းဖောက်လုပ်ပြီးစီးပါက ဖန်းခါးစမ်း- သန်းပင်ကုန်း- အလယ်ကန်ကျေးရွာတို့ရှိ အိမ်ခြေ ၂၆၇ အိမ်၊ လူ ၁၄၃၁ ဦးတို့အတွက် လမ်းပန်းဆက်သွယ်ရေး အဆင်ပြေနိုင်မည်ဖြစ်ကြောင်း ရေနံချောင်း မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ (မြို့ပြ) ဒေါ်နှင်းပုလဲထွေးက ပြောပြ၍ သိရသည်။
ကျော်ဦး
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်