ဘားအံ၊ ဩဂုတ် ၁၈
ကရင်ပြည်နယ် ဘားအံမြို့ပေါ်ရှိ ဌာနဆိုင်ရာများမှ ဝန်ထမ်းများသက်သာချောင်ချိရေးအတွက် ပြည်နယ်အစိုးရ၏လမ်းညွှန်ချက်နှင့်အညီ ကရင်ပြည်နယ်သမဝါယမဦးစီးဌာနအစီအစဉ်ဖြင့် သမဝါယမ ဦးတည်ချက် ရည်မှန်းချက်များနှင့်အညီ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဖြင့် ရယူ ဆောင်ရွက်လျက်ရှိသော ဘားအံမြို့နယ်ရှိ ဆန်စက်လုပ်ငန်းရှင်များသမဝါယမအသင်းနှင့် ဆီစက် လုပ်ငန်းရှင်များသမဝါယမအသင်းတို့မှ ဒေသတွင်းထုတ်လုပ်သည့် ဆန်နှင့်ဆီများအား ပြင်ပပေါက် စျေးထက်သက်သာသောနှုန်းထားဖြင့် မတ်လမှစတင်၍ လဆိုင်းစနစ်ရောင်းချခဲ့သည်။
ယခုနှစ် သြဂုတ်လအတွက် ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာ ၁၃ ခုမှ ဝန်ထမ်းများအား ဆန် ၉၆ အိတ် တန်ဘိုးငွေကျပ် ၈၄၀၀၀၀၀ နှင့် မြေပဲဆီ ၃၅.၅ ပိဿာ တန်ဘိုးငွေကျပ် ၅၁၄၇၅၀ စုစုပေါင်း တန်ဘိုးငွေကျပ် ၈၉၁၄၇၅၀ တို့အား ဖြန့်ဖြူးရောင်းချလျက်ရှိပါကြောင်းနှင့် ဝန်ထမ်းသက်သာချောင်ချိ ရေးအတွက် စဉ်ဆက်မပြတ် ဖြန့်ဖြူးရောင်းချပေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်