နေပြည်တော် ဩဂုတ် ၂၀
မကွေးတိုင်းဒေသကြီး သရက်မြို့နယ်နှင့် ကံမမြို့နယ်ကြား ဆက်သွယ် ထားသော ပြရေ- ပုထိုးလမ်း လမ်းအရှည်(၂/၁)မိုင် ကျောက်ချောလမ်း ခင်းခြင်းလုပ်ငန်းကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ ကျပ် ၂၃၂ ဒသမ ၁၀၅သန်းဖြင့် သရက်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကြီးကြပ်၍ တင်ဒါအောင်ကုမ္ပဏီက ဩဂုတ်လ ပထမ ပတ်တွင် စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းအားလုံး၏ ၂၅ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်သည်။
အဆိုပါကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးပါက ကျေးရွာနှစ်ရွာရှိ အိမ်ခြေ ၇၃၄ အိမ်၊ လူဦးရေ ၃ဝ၅၉ ဦးတို့အတွက် ရာသီမရွေး လမ်းပန်းဆက်သွယ်ရေးအဆင်ပြေမည်ဖြစ်ပြီး သရက်မြို့နှင့် ကံမမြို့တို့ကို အချိန်တိုအတွင်း ဆက်သွယ်သွားလာနိုင်မည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
ဇော်ဘီ
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်